စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကန့်ဘလူခရိုင်တွင် ရောင်းချ နေသည့် ကွမ်းသီးများကို ကန့်ဘလူခရိုင်အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်း ဝယ်ယူ၍ ကွမ်းသီးမှ ကွမ်းသီးစိတ်များထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလတတိယပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းသီးစိတ် ဈေးနှုန်းများအနေဖြင့် အရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ်လက်ကားဈေး (ရှယ်)တစ်ပိဿာ လျှင် ငွေကျပ်(၁၇၀၀၀)၊ လက်လီဈေး(ရှယ်)တစ်ပိဿာလျှင် ငွေကျပ်(၁၈၀၀၀)၊ ကွမ်းသီးစိတ် (လတ်)တစ်ပိဿာလျှင် ငွေကျပ်(၁၄၀၀၀)၊ ကွမ်းသီးစိတ်(ပယ်)တစ်ပိဿာလျှင် ငွေကျပ်(၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းသီး စိတ်များကို ကန့်ဘလူမြို့ပေါ်ရှိဆိုင်များ ၊ ကန့်ဘလူမြို့နယ်ရှိကျေးရွာများနှင့် ကျွန်းလှမြို့နယ်သို့ လက်လီ/လက္ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကွမ်းသီး စိတ်ရောင်းဝယ်ရေးလုပ်ငန်းရှင်၏ ပြောပြချက်အရ သိရသည်။
DOCA(စစ်ကိုင်း)