Main menu

နမ့်စန်မြို့ပြောင်းဈေးကွက်

Powered by Drupal

           ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့ရှိ ပြောင်းပွဲရုံများတွင် ယခုလအတွင်း ရောင်းချနေမှုကို ကွင်းဆင်းမေးမြန်းရာတွင် ဒေသခံတောင်သူများအနေဖြင့် ပြောင်းပေါက်ဈေးနှုန်းအား စောင့်ကြည့်နေပြီး၊ အချို့ခြံရှင်များအနေဖြင့် ခူးဆွတ်ခြင်းမရှိသေးကြောင်းတွေ့ရှိရပါသည်။ လက်ရှိအနေဖြင့် ပြောင်းအနည်းငယ်သာခူးဆွတ်နေပြီး၊ နမ့်စန်မြို့ရှိ‌ပြောင်းပွဲရုံများသို့ ရောင်းချကြောင်း၊ ပြောင်းကုန်စီးဆင်းမှုအနေဖြင့် နမ့်စန်မှတောင်ကြီးသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ လက်ရှိနမ့်စန်မြို့ ဈေးကွက်ပေါက်ဈေးအနေဖြင့် တစ်ပိဿာလျှင် (၁၄၀၀) ကျပ်အထိ ပေါက်ဈေးရှိကြောင်း ပြောင်းပွဲရုံပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။ ယခုအချိန်တွင် ပြောင်းအနည်းငယ်သာ ဈေးကွက်ထဲသို့ ဝင်ရောက်ပြီး ဒီဇင်ဘာလကုန်မှစ၍ စတင်ထွက်ပေါ်လာမည် ဖြစ်ကြောင်းသိရပါသည်။ ကုန်စည် စီးဆင်းမှုအနေဖြင့် လွိုင်လင်မြို့တိုးဂိတ်အားဖြတ်သန်းမှုမှာ ယခုရက်ပိုင်းအတွင်း (၁၂) ဘီးတွဲကား (၅) စီး၊ စုစုပေါင်း (၂၉)စီးခန့် ဖြတ်သန်းနေပြီး၊ (၁၂)ဘီးတစ်စီးလျှင် အိတ်အရေအတွက် (၂၅၀) ခန့်၊ တွဲကား တစ်စီးလျှင် အိတ်(၅၀၀)ခန့်ဖြင့် ၎င်းပြောင်းကားများမှာ ခိုလမ်မှ ထွက်ရှိသောပြောင်းများဖြစ်ပြီး တောင်ကြီးမြို့သို့ စီးဆင်းကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)