
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်း ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးမှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ကန့်ဘလူမြို့နယ်တွင် ကြက်သွန်ဖြူ ယခင်ဒီဇင်ဘာလဒုတိယပတ်အတွင်း ကြက်သွန်ဖြူ ဈေးနှုန်းအနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင် ကျပ်(၂၃၀၀၀)၊ (၂၅) ကျပ်သား လျှင် ကျပ်(၅၅၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)(၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)ဈေးနှုန်း ဈေးနှုန်း အသီးသီးရောင်းချလျက်ရှိကြောင်း၊ ယခု ဒီဇင်ဘာလ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင် ကျပ်(၂၃၀၀၀)၊ (၂၅) ကျပ်သား လျှင် ကျပ်(၅၅၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) (၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)ဈေးနှုန်း အသီးသီးရောင်းချလျက်ရှိကြောင့် ဒီဇင်ဘာလဒုတိယပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက တည်ငြိမ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကြက်သွန်ဖြူအရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)