ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊လပွတ္တာမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရှိဝန်ထမ်းများသည် (၁၁-၁၂-၂၀၂၄) ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ အခွန်လွတ်ဈေးတွင် ကြက်ဥအလုံး(၃၀၀၀)နှင့် ရွေးနဒီရေပေါ်ဈေးတွင် ကြက်ဥအလုံး(၃၀၀၀) သွားရောက်၍ ရောင်းချခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ရောင်းချပေးရာတွင် အများပြည်သူများသက်သာစွာဝယ်ယူနိုင်ရန် တစ်လုံးလျှင် (၃၈၀)ကျပ်နှင့် လူ(၁)ဦး လျှင် (၅)လုံးနှုန်းဖြင့် လပွတ္တာမြို့နယ်ရှိ အခွန်လွတ်ဈေးနှင့် ရွေးနဒီရေပေါ်ဈေးတို့တွင် စုစုပေါင်း ကြက်ဥအလုံးရေ (၆၀၀၀) အား ရောင်းချပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)