ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၊ ဦးပုညလမ်း၊ ညောင်ပင်ဈေးရပ်ကွက် တွင် ဒေသထုတ်ကုန်ဖြစ်သော “ချစ်ကိုလေး” ပဲချောင်းမုန့်လုပ်ငန်းအား ဇလွန်မြို့နယ် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းမြသီတာ မှ (၁၈.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန် တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ထုတ်ပိုးရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ထုတ်လုပ်မှု အခြအနေ၊ အရောင်းအဝယ်ဖြစ်မှု အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။ ပဲချောင်းပြုလုပ်ရာတွင် ကုလားပဲခြမ်းအစစ် ကိုသာ အသုံးပြုရပြီး တစ်ပိဿာလျှင် (၈၀၀၀/-ကျပ်)ဖြင့် ဝယ်ယူရပါသည်။ ကုလားပဲခြမ်းကို အစိမ်းကြိတ်ပြီး ရလာသောအနှစ်များကို ကော်မှုန့်၊ ဆန်မှုန့်၊ သကြား၊ ကောက်ညှင်းမှုန့်၊ဆားအနည်းငယ်ဖြင့် အချိုးသင့်ရောစပ်ကာ ပုံစံခွက်ဖြင့် ကြော်ရပါသည်။ တစ်နေ့လျှင် ကုလားပဲ(၆)ပိဿာ ကြော်ရပြီး ၁၄၀၀/- ကျပ် တန် ၁၉၀ ထုပ် ရရှိကြောင်းသိရှိရပါသည်။ တစ်နေ့လျှင်ကုန်ကျစရိတ် ၂ သိန်းဝန်းကျင် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ၅၀၅၀၀/-ကျပ် ရရှိပါသည်။ နွေဦးကာလများတွင် ဘုရားဖူးလာသူ များမှ အိမ်ပြန်လက်ဆောင်၊ ဒေသလက်ဆောင်အဖြစ် ဝယ်ယူခြင်းကြောင့် ရောင်းအားပိုမိုကောင်းမွန် ကြောင်းသိရှိရပါသည်။ စားသုံးသူများကြိုက်နှစ်သက်သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း၊ ခရိုင်အတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဒေသလက်ဆောင်အဖြစ် ဝယ်ယူစားသုံးမှုမြင့် တက်လျက် ရှိကြောင်းသိရှိပါသည်။
DOCA(ဧရာဝတီ)