Main menu

ရွှေကျင်ရော်ဘာ ယခင်နှစ်ဈေးထက်ပိုရ စီးပွားဖြစ်နေ

Powered by Drupal

                  မြန်မာနိုင်ငံသည် စိုက်ပျိုး‌ရေးကို အခြေခံသော နိုင်ငံတစ်နိုင်ဖြစ်သည့်အားလျှော်စွာ ရာသီအလိုက် စိုက်ပျိုးသော ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များအပြင် နှစ်ရှည်သီးပင်၊ စားပင်များကိုလည်း ဒေသအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။  မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရော်ဘာစိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတွင်လည်း စိုက်ပျိုးမှုများရှိပါသည်။ စိုက်ပျိုးရေးထွက်ကုန်များအနက် နှစ်ရှည်ပင်အမျိုးအစား တစ်ခုဖြစ်သော ရော်ဘာပင်ကို ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း ‌စိုက်ဧက စုစုပေါင်း ၄၃၀၀၀ဧကနီးပါးရှိပြီး ယခုနှစ်တွင်း အစီးလှီးဧက ပေါင်း၁၂၀၀၀ကျော်ခန့် ရှိကြောင်းသိရှိရပါသည်။ ရာဘာစိုက်တောင်သူများအနေဖြင့် ရော်ဘာစိုက်ပျိုးချိန်မှ အစေးစတင် ထွက်ရှိသည့် အချိန်ထိ ၇နှစ်ကျော် ကာလထိ တစ်ဧကလျှင် သိန်း၂၀ခန့်ရင်းနှီးမြှပ်နှံရကြောင်း သိရှိရသည်။ စိုက်ပျိုးပြီး အပင် သက်တမ်း၆နှစ် မှစတင်၍ နှစ်၃၀ထိ အစေးလှီး နိုင်ကြောင်းသိရှိရသည်။ အစေးလှီးရာတွင် တစ်ဧကလျှင် စတင်ထွက်ရှိသည့် ပထမနှစ်တွင်အစေးပေါင် ၆၀၀ခန့်၊ဒုတိယနှစ်တွင် အစေးပေါင် ၈၀၀ခန့်၊  တတိယနှစ်တွင် အစေးပေါင် ၁၀၀၀ခန့်၊ စတုတ္ထနှစ်တွင် အစေးပေါင် ၁၂၀၀ခန့်၊ ပဉ္မနှစ်မှစ၍ နောက်ပိုင်းနှစ်များတွင် ၂၅၀၀ခန့် ထွက်ရှိလျက်ရှိကြောင်းသိရှိရပါသည်။ အစေးလှီးကာလအနေဖြင့် ပုံမှန်မိုးရာသီကုန်ဆုံးချိန် အောက်တိုဘာလမှ မေလအထိ အစေးထုတ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ အစေးများမှာ မျိုးကွဲအလိုက်အနည်းအများထွက်ရှိပါသည်။ ယခုနှစ်တွင် အစေး တစ်ပေါင်လျှင်  ၉၀၀ မှ ၁၀၀၀ ကျပ်ရှိ၍ မှိုင်းခံပြား တစ်ပေါင်လျှင် ၁၁၀၀  ကျပ်ဖြင့် ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။ တစ်နိုင်တစ်ပိုင်ရော်ဘာခြံလုပ်ငန်းရှင်များမှ မိမိခြံထွက်ရှိသည့် ရော်ဘာအစေးများကို ရွှေကျင်မြို့နယ် သရက်ချောင်းကျေးရွာရှိ ‌ရွှေကျင် ရွှေပင်စံအဆင့်မြင့်ရော်ဘာစက်ရုံသို့ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထိုစက်ရုံတွင် အစေးများကို ရေ၊ ဖော့မစ်အက်စစ်တို့နှင့် အချိုးကျ ရောစပ်၍ အေးခဲရပါသည်။ ရောင်းတန်းဝင် ရာဘာပြားဖြစ်ရန်အတွက် ၁ဒသမ၈ မီလီမီတာ အထူအရွယ်အစားရရှိရန် ကြိတ်စက်ဖြင့်ကြိတ်ရပါသည်။ ရေစစ်ရန်အတွက် တစ်ညလှန်းထားရ၍ ရရှိလာသော ရော်ဘာပြားများကို မှိုင်းခံပြီး ရော်ဘာပြားများကို အဆင့်ခွဲ၍ ထုတ်ပိုးပြီး ရန်ကုန်ရှိ ပြည်ပ တင်ပို့ရောင်းချသည့်ကုမ္ပဏီများသို့ တင်ပို့လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)