Main menu

“ တွံတေးမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

Powered by Drupal

ဒီဇင်ဘာလ စတုတ္ထအပတ်တွင် တွံတေးမြို့နယ် အခြေခံစားသောက်ကုန်များဖြစ်သောဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၃၀၀-၃၄၀၀)ကျပ်၊ တောင်ပျံဆန်ရိုးရိုးတစ်ပြည် လျှင် (၅၂၀၀)ကျပ်၊ ကျားပျံဆန်တစ်ပြည်လျှင်(၅၄၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင် (၇၆၇၅)ကျပ်၊ ယခုအပတ်(၇၇၂၅)ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်ဆုံတစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုက်) တစ်ပိဿာလျှင်(၁၉၅၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင်(၁၂၅၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင်(၆၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်) တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ ငြုပ်တောင့်(အပု)တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊  ကုလားပဲခြမ်းတစ်ပိဿာ လျှင်(၇၅၀၀)ကျပ်၊ မန်းချည်းသီးမှည့် တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင်(၇၀၀၀၀)ကျပ်၊         ခေါက်ဆွဲခြောက်တစ်ထုတ်လျှင်  (၇၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၃၅၀)ကျပ်နှင့်ဘဲဥတစ်လုံးလျှင် (၅၅၀) ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

            အလားတူဗမာကြက်တစ်ပိဿာလျှင် (၂၇၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၅၀၀၀-၃၀၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်စသည်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများနှင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာတည်ငြိမ်လျှက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက် သွားလျှက်ရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)