Main menu

ဓနုဖြူမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံ ဆလပ်စိုက်ပျိုး တောင်သူအကျိုးအမြတ်ရ

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ထုံးပုံကျေးအုပ်စု။ စာဖြူစုကျေးရွာတွင် ဆလပ်သီးနှံကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ဓနုဖြူမြို့နယ်တွင် ဟင်းသီးဟင်းရွက် စိုက်ဧက ၈၆၁ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

            မျိုးအနေဖြင့်  တြိဂံထုတ်ကိုဝယ်ယူပြီး တစ်ထုပ်လျှင် ၇၀၀၀ ကျပ်နှုန်းဖြင့်  ဝယ်ယူ၍ စိုက်ဧက ၀.၁၀ ဝန်းကျင်ကို မျိုးထုပ် ၂ ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မြေဘောင်ပြုလုပ်ကာ  မြေချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ၄၀ ရက်သားအရွယ်တွင် အပင်ကို စတင်နှုတ်ရကြောင်း၊ ဒီဇင်ဘာလတွင်စိုက်ပျိုးပြီး  စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  ၀.၁၀ ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ ခန့်သာကုန်ကျပြီး အထွက်နှုန်းအနေဖြင့်   ၁လအတွင်း ထွက်ရှိသဖြင့် (၃)သိန်းဝန်ကျင်ခန့် အကျိုးအမြတ်ရရှိကြောင်း နှစ်စဉ် ဆလပ်သီးနှံကို မိုးအကုန် နွေအကူးအထိ  ၅ကြိမ်ခန့် စိုက်ပျိုးကြောင်း တောင်သူ ဦးအောင်မိုးမှ ပြောပြခဲ့ကြောင်းသိရသည်၊

          ဈေးနှုန်းအနေဖြင့် ၂၀.၁၂.၂၀၂၄ရက်နေ့ ဆလပ် ၂ခိုင် တစ်စီး လက်လီဈေး ၁၀၀၀ကျပ်ဖြင့် ရောင်းချကြပြီး လက်ကားဈေး ၈၀၀ကျပ်ဖြင့် ပေး၍ ရောင်းချရကြောင်း၊ တင်ပို့မှု ဈေးကွက်အနေဖြင့် အဖျောက်မြို့ကျေးရွာဘက်သို့တင်ပို့ရပြိး နှစ်စဉ်မှာယူကြောင်း  ဆလပ်ထွက်ပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်မှုကြောင့် အကျိုးအမြတ်များရရှိကြောင်းကို ဆလပ်စိုက်ပျိုးသူ ဦးအောင်မိုးထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)