Main menu

ဓနုဖြူမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံ မုန့်ညှင်းစိုက်ပျိုး တောင်သူအကျိုးအမြတ်ရ

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ထုံးပုံကျေးအုပ်စု။ စာဖြူစုကျေးရွာတွင် ကျေးရွာများတွင် မုန့်ညှင်းသီးနှံကို စိုက်ပျိုးလျက်ရှိပြီး ဒေသတွင်းဟင်းသီးဟင်းရွက် သီးနှံများကို ယာမြေခြံများပေါ်တွင် တောင်သူများမှ စိုက်ပျိုးလျက်ရှိပြီး တစ်ပိုင်တစ်နိုင်ရာသီပေါ် မုန်ညင်းစိုက်ပျိုး လုပ်ကိုင်ရောင်းချရာမှ မိသားစုအတွက် ဝင်ငွေများတိုးပွားလျက်ရှိကြောင်း သိရသည်။

            မုန်ညင်းမျိုးကို သက်ငယ်၊ သက်လတ်နဲ့ သက်ကြီးဆိုပြီး သုံးမျိုးသုံးစားခွဲပြီးတော့ စိုက်ပျိုးပြီး  မုန်ညင်းသက်ငယ်မျိုးကိုတော့ ဝါဆိုလနဲ့ဝါခေါင်လမှာ စတင်စိုက်ပျိုးပါတယ်။ မုန်ညင်း သက်လတ်မျိုး ကိုတော့ တော်သလင်းလနဲ့ သီတင်းကျွတ်လမှာ စိုက်ပျိုးပါတယ်။ နောက်ဆုံး မုန်ညင်းသက်ကြီးမျိုးကို တော့ တန်ဆောင်မုန်းလကနေ့စပြီးတော့မှ ယခုလအထိပေါ့ စိုက်ပျိုးပြီး ရောင်းချပါတယ်။ မုန်ညင်း (၁၀) စည်းပါ တစ်ထုံးကိုငွေကျပ် (၂၅၀၀၀) နှုန်းဖြင့် ဖောက်သည်သွင်းရကြောင်းသိရသည်။

            မျိုးအနေဖြင့်  တြိဂံထုတ်ကိုဝယ်ယူပြီး တစ်ထုပ်လျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့်  ဝယ်ယူ၍ စိုက်ဧက ၀.၁၀ ဝန်းကျင်ကို မျိုးထုပ် ၂ ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မြေဘောင်ပြုလုပ်ကာ  မြေချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ၄၅ ရက်သားအရွယ်တွင် အပင်ကိုစတင် နှုတ်ရကြောင်း၊ ဒီဇင်ဘာလတွင်စိုက်ပျိုူးပြီး  စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  ၀.၁၀ ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ ခန့်သာကုန်ကျပြီး အထွက်နှုန်း အနေဖြင့်   ၁လအတွင်း ထွက်ရှိသဖြင့် (၁)သိန်းခွဲ ဝန်ကျင်းခန့် အကျိုးအမြတ်ရရှိကြောင်း ဦးတင်ဝင်းမှ ပြောပြခဲ့ကြောင်းသိရှိရပါသည်။

           တင်ပို့မှု ဈေးကွက်အနေဖြင့် အဖျောက်မြို့ကျေးရွာနှင့် ရန်ကုန်သီရိမင်္ဂလာဈေး ဘက်သို့တင်ပို့ကြောင်း  မုန်ညင်းများအပြင် အခြားရာသီပေါ်သီးနှံများဖြစ်သည့် ဘူးသီး၊ ခဝဲသီး၊ ငရုတ်သီး၊  သခွားသီး၊  ပဲတောင့်ရှည်၊ ကြက်ဟင်းခါးသီးနှင့် ပန်းမုန်လာစသည့် သီးနှံများကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

 

DOCA (ဧရာဝတီ)