Main menu

ရာသီပေါ်ဈေးကောင်းရ လူကြိုက်များသော ငါးနုသန်းဈေးကွက်

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့မစည်ပင်သာယာဈေးကြီးတွင် စက်တင်ဘာလတတိယပတ်မှစတင်ကာ ရာသီပေါ်ငါးနုသန်းငါးခြောက်များ ဈေးကွက်တွင်ဝင် ရောက်လာပြီး လူကြိုက်များသောကြောင့် ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရ ပါသည်။ ငါးနုသန်းသည် ငါးထွေမျိုးတွင် ပါဝင်ပြီး နှုတ်ခမ်းမွှေးပါ၍ ငွေရောင်တောက်ပသော ရေချိုငါးဖြစ်ပြီး မြစ်ချောင်း၊ အင်းအိုင်များတွင် ရရှိတတ်ကြသည်။ အကြေးခွံမပါ၊ ကျောဆူးတောင် တွင် အရိုးနု () ချောင်းသာပါသည်။ ရေချိုရေငန် ၂ ရပ်စလုံး၌ တွေ့ရသော ငါးမျိုးဖြစ်၍ ငါးနုသန်းကို ငါးခြောက် လုပ်ကြသည်။ ငါးနုသန်းငါးမှာ နူးညံ့ပြီး အရသာချိုသော ငါးဖြစ်သဖြင့် ဒေသခံများမှာ နေလှန်း၊ အခြောက်ခံ၍ လေလုံအောင်သိမ်းပြီး မိုးတွင်းကာလ ငါးရှားသောရာသီတွင် ငါးခြောက် ကြော်၊ ငါးခြောက်ချက်အဖြစ် စားသုံးကြပါသည်။

             ငါးနုသန်းငါးမှာ ညှီနံ့မရှိသလောက်နည်းပြီး အဆိပ်အတောက်ကင်းကာ အရသာချိုသဖြင့် ငါးအစိုအပြင် ငါးခြောက်အဖြစ်သိမ်းထားပြီး စားသုံးသောအခါတွင်လည်း အရသာမပျက် အရသာမှာ လည်း ကောင်းမွန်လှသောကြောင့် လူကြိုက်များပြီး ဈေးကွက်ဝင်သော ငါးခြောက်တစ်မျိုးလည်း ဖြစ်ပါသည်။ ငါးနုသန်းကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဆီရီလန်ကာ၊ မြန်မာတို့တွင် တွေ့ရများပါသည်။ ငါးအထီးမှာ အမထက် ခန္ဓာကိုယ်ပိုမိုရှည်လျားကြပြီး (45)cmထိရှိကြသည်။ အမမှာ ဥတစ်ကြိမ်ဥလျှင် ဥပေါင်း(၈၀ ၁၃၀)ခန့် ဥ, ဥနိုင်ကြပါသည်။

              ငါးနုသန်းမှာ လူကြိုက်များသော ငါးတစ်မျိုးဖြစ်ပြီး ဈေးလည်းချို၏။ ငါးနုသန်းကို ဆီပြန်ချက်ပြီး နံနံပင်လေးအုပ်ပါက အရသာထူးကဲသည့် ငါးဟင်းလျာ()ခွက်ကို ရရှိစေပါသည်။ ချက်ပြုတ်ရာတွင် ငါးနုသန်းငါး၏ လည်ပင်းအနီး၌ အလွန်ကြီးသော သည်းခြေအိတ်ရှိသဖြင့် လှီးဖြတ်ဖယ်ထုတ်ပစ်ရပါ မည်။ သည်းခြေအိတ်ပေါက်သွားပါက ငါးဟင်းအရသာမကောင်းသည်မှလွဲ၍ အဆိပ်အတောက် မရှိပေ။

                 ငါးနုသန်းကို အိုးကပ်၊ ဆီပြန်၊ အချဉ်ချက်၊ ငါးနုသန်းကြော်စသည်ဖြင့် စားသုံးကြပါသည်။ 'ငါးနုသန်း'ဆိုသည့်အတိုင်းငါးအသားမှာ နုလွန်းလို့ အိုးကပ်ဟင်းချက်ပါက ငါးအသားမကြေဘဲ အိုးမကပ်ရအောင် ဟင်းအိုးကိုမမွှေဘဲ အသာလေးလှုပ်ပေးရပါသည်။ ငါးနုသန်းငါးခြောက်ကို ဧရာဝတီတိုင်းမှတစ်ဆင့် ရန်ကုန်သို့ဝင်ရောက်ပြီး ပြည်ဈေးကွက်သို့ မြိတ်ဒေသမှ အများဆုံး ဝင်ရောက်ကြောင်း သိရပါသည်။ ဝယ်လိုအားများပြီး ဝယ်သလောက်မရရှိသဖြင့် စားသုံးသူ ပြည်သူများမှ ရာသီပေါ်ချိန်တွင် ဦးဦးဖျားဖျားဈေးကောင်းပေးပြီး ဝယ်ယူစားသုံးကြသဖြင့် ငါးနုသန်း ငါးခြောက်များမှာ ပစ္စည်းပြတ်လပ်သည်အထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ ငါးနုသန်း ငါးခြောက်အကောင်ချောကြီး တစ်ပိဿာလျှင် ကျပ် (၃၅၀၀၀)၊ ငါးနုသန်း အကောင်လတ်တစ် ပိဿာလျှင် ကျပ် (၃၀၀၀၀) ရှိပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)