Main menu

ဒေသထွက် အာတာလွတ်ဥ ဈေးကွက်အခြေအနေ

Powered by Drupal

           ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ စတုတ္ထပတ်တွင် ဘားအံမြို့ပေါ် ရေပေါ်စံပြဈေးအတွင်း  ရာသီစာအာတာလွတ်ဥများ လှိုင်လှိုင်ပေါနေသောလည်း  ဈေးကောင်းရလျက်ရှိကြောင်းသိရသည်။

          မြန်မာအစားအစာထဲတွင် နေရာတစ်နေရာယူထားသည့် အာတာလွတ်ဥမှာလည်း ဆေးဖက်ဝင်ကြောင်းသိရပါသည်။ အာတာလွတ်ဥတွင် သတ္တုဓာတ်၊ အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်များ ပါဝင်သည့်အတွက် အာဟာရပြည့်စုံ၍ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေသော သီးနှံတစ်မျိုးဖြစ်သည်။ အာတာလွတ်ဥကိုပြုတ်၍ ဆီ၊ ဆားနှင့် နှမ်းထောင်းလေးဖြူး၍စားခြင်း၊ အကြွပ်ကြော်စားခြင်း စသည်ဖြင့်လည်း စားသုံးကြပါသည်။

          ဘားအံမြို့ပေါ်ရှိဈေးများတွင် အာတာလွတ်ဥကို အရွယ်အစားအလိုက်ဈေးနှုန်းတတ်မှတ် ရောင်းချကြသည်။ ဈေးနှုန်းများမှာ အာတာလွတ်ဥအကြီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊အာတာလွတ်ဥ အသေးတစ်ပိဿာလျှင် (၄၅၀၀)ကျပ် နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။

DOCA(ကရင်)