Main menu

မကွေးကုန်စည်ဒိုင်၏ ပဲမျိုးစုံနှင့် နှမ်းဈေးကွက် အရောင်းအဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

             မကွေးကုန်စည်ဒိုင်တွင် ယခင်အပတ်(၇.၅.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၁၃.၅.၂၀၂၂)ရက်နေ့ အတွင်း ပဲမျိုးစုံဈေးကွက်တွင် ပဲထောပတ်၊ ပဲလွန်းဝါ၊ မတ်ပဲနှင့်စားတော်ပဲတို့သည် ဈေးနှုန်းပြောင်းလဲ မှုမရှိဘဲ ပဲတီစိမ်း (၁၉)ပိဿာ(၁)တင်းလျှင် ယခင်အပတ်(၄၆၅၀ဝိ/-) ယခုအပတ်(၄၈၅၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲနောက် (၁၉)ပိဿာ(၁)တင်းလျှင် ယခင်အပတ်(၃၉၀၀ဝိ/-) ယခုအပတ် (၄၁၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲကြီး(929)(၁၉)ပိဿာ(၁)တင်း ယခင်အပတ် (၄၁၈၀ဝိ/-) ယခုအပတ်(၄၃၂၀ဝိ/-)ဖြစ်၍ (၁၄၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲလုံးသေး(၁၉)ပိဿာ(၁)တင်း ယခင်အပတ် (၄၀၈၀ဝိ/-) ယခုအပတ်(၄၁၀၀ဝိ/-)ဖြစ်၍ (၂၀ဝိ/-)ကျပ် ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ(HL) (၁၉)ပိဿာ (၁)တင်း ယခင်အပတ်(၄၁၃၀ဝိ/-) ယခုအပတ်(၄၂၇၀ဝိ/-) ဖြစ်၍(၁၄၀ဝိ/-) ကျပ် ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီးဖြူ(၁၉)ပိဿာ(၁)တင်း ယခင်အပတ်(၅၉၀၀ဝိ/-) ယခုအပတ်(၆၂၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-) ကျပ်ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲကြီးမဲ(၁၉) ပိဿာ (၁)တင်း ယခင်အပတ်(၅၀၀၀ဝိ/-)ယခုအပတ်(၅၅၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ)(၂၀)ပိဿာ(၁)တင်း  ယခင်အပတ်(၄၂၃၀ဝိ/-) ယခုအပတ်(၄၂၅၀ဝိ/-)ဖြစ်၍  (၂၀ဝိ/-)ကျပ်ဈေးမြင့်တက်ခဲ့ပါသည်။

          နှမ်းမျိုးစုံအနေဖြင့် နှမ်းနီ (၁၅)ပိဿာ (၁)တင်း ယခင်အပတ် (၆၀၀၀ဝိ/-) ယခုအပတ် (၅၈၃၅ဝိ/-)ဖြစ်၍ (၁၆၅ဝိ/-)ကျပ် စျေးလျော့ခဲ့ကြောင်း၊ နှမ်းဖြူ(မကွေး) (၁၅)ပိဿာ (၁)တင်း ယခင်အပတ် (၆၂၀၀ဝိ/-)  ယခုအပတ်(၆၁၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)‌ကျပ် စျေးလျော့ခဲ့ကြောင်း၊ နှမ်းနက်(စမုံ) (၁၅)ပိဿာ (၁)တင်း ယခင်အပတ် (၇၁၆၀ဝိ/-)ယခုအပတ်(၇၀၀၀ဝိ/-)ဖြစ်၍ (၁၆၀ဝိ/-)ကျပ် စျေးလျော့ခဲ့ကြောင်း၊ နှမ်းနက်(ရိုးရိုး) (၁၅)ပိဿာ (၁)တင်း ယခင်အပတ်(၅၆၆၀ဝိ/-)ယခုအပတ်(၅၅၀၀ဝိ/-)ဖြစ်၍(၁၆၀ဝိ/-)ကျပ် စျေးလျော့ခဲ့ကြောင်း၊ နှမ်းညိုကြား(၁၅)ပိဿာ (၁)တင်း ယခင်အပတ်(၅၅၀၀ဝိ/-) ယခုအပတ်(၅၃၅၀ဝိ/-)ဖြစ်၍ (၁၅၀ဝိ/-)ကျပ်စျေးလျော့ခဲ့ကြောင်း၊ နှမ်းဖြူ(ဂျပန်) (၁၅)ပိဿာ(၁)တင်း ယခင်အပတ်(၆၃၃၀ဝိ/-) ယခုအပတ်(၆၂၀၀ဝိ/)ဖြစ်၍ (၁၃၀ဝိ/-)ကျပ်စျေးလျော့ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲတီစိမ်း(၅၀.၀၀)တန်၊ ကုလားပဲ(၂၀၀.၀၀)တန်၊ ပဲကြီးဖြူ(၄၀.၂၀)တန်၊ စားတော်ပဲ(၁၀.၃၀)တန်၊ မတ်ပဲ(၅၀.၇၅)တန်၊ ထောပတ်ပဲ(၅၀.၄၀)တန်၊ နှမ်းဖြူ(မကွေး)သည် (၂၀.၃၅)တန်၊ နှမ်းနီ(၇.၂၀)တန်၊ နှမ်းနက်(စမုံ)(၂၅.၀၀)တန်၊ နှမ်းနက်ရိုးရိုး(၅.၃၆)တန်၊ နှမ်းညိုကြား (၅.၈၃)တန်တို့ဖြစ်ကြောင်း မကွေးကုန်စည်ဒိုင်မှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)