စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၃.၁၂.၂၀၂၄ ရက်နေ့ (၉:၃၀)အချိန်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အခြေအနေကို စာရင်း ကောက်ယူရန် အင်းစိန်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အမျိုးမျိုးဈေးနှုန်းကို ကွင်းဆင်း စုံစမ်းမေးမြန်း ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးမေးမြန်းရာတွင် စားအုန်းဆီဈေးနှုန်းသည် ယခင်အပတ်ထက် (၁)ပိဿာ လျှင် (၅၀)ကျပ်ဈေးတက်ပြီး ကြက်သွန်နီ(၁)ပိဿာလျှင် (၄၆၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကုလားပဲ (၁)ပိဿာလျှင် (၇၅၀၀)ကျပ်၊ အာလူး(၁)ပိဿာလျှင်(ဗမာ) (၈၀၀၀)ကျပ်၊ သကြား(၁)ပိဿာလျှင် (၅၈၀၀)ကျပ်၊ ငရုတ်ရှည် (၁)ပိသာလျှင် (၁၄၀၀၀)ကျပ်၊ ငရုတ်ပု (၁)ပိဿာလျှင် (၂၂၀၀၀)ကျပ်ဖြင့် ရောင်းချပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်း အတက်/အကျမရှိပဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ သားငါးဈေးအနေဖြင့် ကြက်သားဗမာ (၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ CP ကြက်သား(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ဆိတ်သား (၁)ပိဿာ လျှင် (၃၃၀၀၀)ကျပ်၊ ငါးကြင်း (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံးလျှင် (၃၇၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၅၅၀)ကျပ်ဖြင့် ရောင်းချနေ ကြောင်း သိရှိရပြီး ဟင်းသီးဟင်းရွက်ဈေးနှုန်းများအနေဖြင့်လည်း အသီးအရွက်များလှိုင်လှိုင်ပေါ် သော ဆောင်းရာသီဖြစ်၍ ဈေးနှုန်းအတက်မရှိပဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကွင်းဆင်းစုံစမ်း ခြင်းများအရ သိရှိရပါသည်။
DOCA(ရန်ကုန်)