Main menu

မှော်ဘီမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြက်ဥရောင်းချပေး

Powered by Drupal

မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၃.၁၂.၂၀၂၄ ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ စည်ပင်သာယာရေး အဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့ဖြင့် ကြက်ဥများ ရောင်းချခဲ့ပါသည်။

ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် အများပြည်သူများ သက်သာစွာ ဝယ်ယူ သုံးစွဲနိုင်ရေး အတွက် ကြက်ဥ တစ်လုံးလျှင် (၃၇၀)ကျပ်နှုန်းဖြင့် ကြက်ဥအလုံး (၅၀၀၀)အထိရောင်းချပေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)