Main menu

ရန်ကုန်အရှေ့ပိုင်းခရိုင်ဈေးကွက်အတွင်းရှိ ကြက်ဥဈေးနှုန်းများအခြေအနေ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ဗိုလ်တထောင်ခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ ဒဂုံမြို့သစ်ခရိုင် စသည့် ခရိုင် (၃)ခုအတွင်း မြို့နယ် (၁၄) မြို့နယ်ရှိ စားသုံးသူများအနေဖြင့်   အခြေခံစားသောက်ကုန်များတွင် တစ်ခုအပါအဝင် ဖြစ်သော ဘဲဥ၊ ကြက်ဥများကို သင့်တင့်မျှတသောဈေးနှုန်းများဖြင့်  ဝယ်ယူစားသုံးအသုံးပြု နိုင်ရန်အတွက်   တာဝန်ရှိသူများက  စီမံဆောင်ရွက်ပေးလျက်ရှိရာ   အခြေခံစားသောက်ကုန် တစ်ခုဖြစ်သောကြောင့် ကြက်ဥများကို  ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပူးပေါင်း၍  ကြက်ခြံများမှ တိုက်ရိုက်ဝယ်ယူလျက် စည်ပင်သာယာဈေးများအတွင်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

ယခုကဲ့သို့    စည်ပင်သာယာရေးအဖွဲ့အနေဖြင့်  ကြက်ဥများကို   ကြက်ခြံများမှ   တိုက်ရိုက် ဝယ်ယူရောင်းချရာတွင် ကြက်ဥတစ်လုံးလျှင်  (၃၆၀) ကျပ်ဖြင့်  ရောင်းချပေးလျက် ရှိရာ    ယခင်က (၄၀၀ မှ ၅၅၀)ကျပ်ထိ ရှိခဲ့ရာမှ   ယခုအခါ ကြက်ဥတစ်လုံးလျှင် (၃၆၀)ကျပ်ဖြင့်   ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကြောင့်  ပြည်တွင်းစားသုံးသူများအတွက် ဝယ်ယူမှု အဆင်ပြေလျက်ရှိပြီး ကြက်ဥ ဝယ်ယူစားသုံးမှု မြှင့်မားလာကြောင်း နှင့် ရှေ့ဆက်လက်ရောင်းချ ပေးနိုင်ရန်အတွက်   ရည်မှန်းထားကြောင်း  စည်ပင်သာယာရေးအဖွဲ့များထံမှ  သတင်းရရှိပါ သည်။

DOCA(ရန်ကုန်)