မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် သစ်သီးဝလံများ ရန်ကုန် သီရိမင်္ဂလာဈေးဘက်မှ ဝင်ရောက်နေပြီး သစ်သီးဝလံဈေးနှုန်းများမှာ မအူပင်ဒေသထွက်စိုက်အပျိုးသော အုန်းသီး တစ်လုံး ၂၅၀၀ကျပ်၊ ငှက်ပျော်သီး ၁ဖီး ၂၅၀၀-၃၀၀၀ကျပ်၊ ဝေါ၊ ဒိုက်ဦးဘက်မှ စိုက်ပျိုူးသော ဖရဲသီး ၁လုံး ၃၅၀၀-၂၈၀၀ကျပ်၊ ဘားအံဘက်မှ လာသော သရက်သီး ၁လုံး ၁၀၀၀-၁၅၀၀ကျပ်၊ ပန်းတနော်၊ ညောင်တုန်းဘက်မှ စိုက်ပျိုးထွက်ရှိသော မာလကာသီး ၁၀၀၀-၁၃၀၀ကျပ်၊ ရှမ်းပြည်ဘက်မှ ပန်းသီး ၁လုံး ၂၀၀၀-၂၃၀၀ကျပ်၊ လိမ္မော်သီး ၁လုံး ၅၀၀-၇၀၀ကျပ်၊ ထောပတ်သီး ၁လုံး ၁၀၀၀-၁၅၀၀ကျပ်၊ သီပေါ နာနတ်သီး ၁လုံး ၈၀၀၀ကျပ်၊ မွန် ကျွဲကောသီး ၁လုံး ၁၂၀၀-၁၅၀၀ကျပ်၊ အောင်ပန်းလိမ္မော် ၁လုံး ၃၅၀- ၅၀၀ကျပ်၊ မအူပင် သံပုရာသီး ၁၅၀-၂၀၀ကျပ်၊ သီဟိုဋ်စေ့ ၁ပိဿာ ၃၅၀၀၀-၄၀၀၀၀ကျပ် ဈေးဖြင့်ရောင်းချနေပြီး ဒေသထွက် သစ်သီးဝလံမှ လွဲ၍ အခြားသစ်သီးဝလံများကို ရန်ကုန် သီရိမင်္ဂလာဈေး မှ မှာယူရောင်းချကြောင်း သီးနှံတစ်မျိုးကို ခြင်းလိုက်မှာယူရောင်းချပြီး အရင်းအနှီးကြီးကြောင်း အမြတ်နည်းနည်သာတင်ရောင်းချနေကြောင်းကို မအူပင်သစ်သီးဝလံရောင်းချသူ လုပ်ငန်းရှင်တစ်ဦး ပြောပြချက်အရ သိရသည်၊
DOCA(ဧရာဝတီ)