Main menu

အထက်မင်းလှမြို့နယ်၏ ပဲဈေးနှုန်းဈေးကွက်

Powered by Drupal

ပဲတီစိမ်း

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးခဲ့ရာ ဒီဇင်ဘာလတွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိ ကြောင်း သိရသည်။

          ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ပဲတီစိမ်းသီးနှံများ ထွက်ရှိလျက်ရှိရာ အထွက်နှုန်း အနေဖြင့် (၁)ဧကလျှင် (၁၀)တင်းမှ (၁၁)တင်းထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ်(၁)သိန်းခန့်ရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ်(၇)သိန်းမှ(၈)သိန်းခန့် ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ ရောင်းချကြောင်း၊ ထို့ပွဲရုံများမှ တဆင့်မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ကထက် ပဲတီစိမ်းအထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်း ရရှိသောကြောင့် တောင်သူများအကျိုးအမြတ်များပိုမိုရရှိကြောင်း သိရသည်။

ပဲစဉ်းငုံ

          ယခင်နှစ်ကစိုက်ပျိုးထွက်ရှိသည့် ပဲစဉ်းငုံသီးနှံများ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံ(၁)တင်းလျှင် ကျပ်(၁၁၃၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိနေပြီး ထွက်ရှိသည့်ပဲစဉ်းငုံသီးနှံများကို မင်းလှမြို့နှင့် မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေးမြို့၊ ပြည်မြို့နှင့်ရန်ကုန်မြို့သို့ တင်ပို့ကြကြောင်း သိရသည်။

          အထက်မင်းလှမြို့နယ်အတွင်းရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော၊ ကုန်းကြီး၊ ညောင်ပင်သာနှင့် မယ်ဇလီတောကျေးရွာများတွင် ပဲစဉ်းငုံသီးနှံများကို ဇူလိုင်လတွင် မိုးနှမ်းနှင့်အတူရော၍ သီးညှပ် အဖြစ်စိုက်ပျိုးကြသလို သီးထပ်အဖြစ်လည်းစိုက်ပျိုးလျက်ရှိရာ ယခုဒီဇင်ဘာလတွင် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကုလားပဲ

ကုလားပဲမှာ သီးနှံထွက်ပေါ်ရာသီမဟုတ်သည့်အတွက် အရောင်း အဝယ်အေးလျက်ရှိပြီး ဈေးနှုန်း အနေဖြင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ကုလားပဲ(မြကြေး)(၁)တင်းလျှင် ကျပ်(၉၈၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့တင်ပို့ ရောင်းချကြောင်း၊ ထိုမှတဆင့် မကွေးမြို့ရှိပွဲရုံများနှင့် ဒေသတွင်းရှိ ပဲကြော်၊ ပဲလှော်၊ မုန့်လုပ်ငန်း ရှင်များမှ ဝယ်ယူကြကြောင်း သိရသည်။ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  ဆောင်းသီးနှံကုလား ပဲကို ဒီဇင်ဘာလဆန်းတွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပဲကြီး

ပဲကြီးသီးနှံ(၁)တင်းလျှင် ကျပ်(၈၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် မင်းလှမြို့ပေါ်ရှိပွဲရုံများနှင့် ပဲကြော်ဖိုများသို့ ရောင်းချကြောင်း၊ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပဲကြီးသီးနှံကို အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး  ယခုအချိန်တွင် ပဲကြီးသီးနှံများ ဖူးပွင့်ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

ပဲနက်(ခေါ်)မောင်မခေါ်ပဲ

          ပဲနက်(ခေါ်)မောင်မခေါ်ပဲ (၁)တင်းလျှင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ကျပ် (၈၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ထိုမှတဆင့် မကွေးမြို့၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ပဲနက်သီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ကုန်ကျစရိတ်သက်သာ၍ စိုက်ပျိုးရ လွယ်ကူသော သီးနှံဖြစ်သောကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ယခုနှစ် တွင်လည်း ရာသီဥတုသမမျှတ၍ ပဲပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)