Main menu

ဈေးကွက်အတွင်းဆန်ဈေးနှုန်း အနည်းငယ် အတက်/အကျရှိ

Powered by Drupal

             ဆန်/စပါးသည် ကယားပြည်နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်ပြီး ပြည်နယ်တွင်းထွက်ရှိသော ဆန်များကို အခြားဒေသများသို့တင်ပို့ခြင်း ၊အခြားဒေသများမှလည်း ဆန်များတင်သွင်ခြင်းဖြင့် ရောင်းဝယ်ဖောက်ကားလျှက်ရှိပြီး မေလဆန်းပိုင်းမှ မေလဒုတိယပတ်အတွင်း အခြားဒေသမှဆန် အိတ်ရေ(၁၂၈၀)အိတ် ဝင်ရောက်လျှက်ရှိပြီး အခြားဒေသသို့ဒေသဆန် (၂၂၀)အိတ်ခန့်တင်ပို့နိုင်ကြောင်း ပူးပေါင်း စစ်ဆေးရေးဂိတ်စာရင်းအရ သိရှိရပါသည်။ ဈေးကွက်အတွင်း ဒေသဆန် ဈေးနှုန်းများမှာ ရွှေရင်အေး (၂)တစ်အိတ်လျှင် (၃၈၀၀၀)ကျပ် ၊ တရုတ်မွှေးတစ်အိတ်လျှင် (၃၈၅၀၀)ကျပ်ရှိပြီး အခြားဒေသဆန် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၆၆၀၀၀)ကျပ် ၊ မြောင်းမြပေါ်ဆန်းတစ်အိတ်လျှင် (၅၉၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး  ယခင်ဧပြီလစတုတ္တအပတ်တွင် ရွှေရင်အေး(၂)တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ တရုတ်မွှေးတစ်အိတ်လျှင် (၃၆၀၀၀)ကျပ် ၊ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင်(၆၅၀၀၀)ကျပ်၊ မြောင်းမြ ပေါ်ဆန်းတစ်အိတ်လျှင် (၅၈၀၀၀)ကျပ်ဖြစ်ပြီး  တရုတ်မွှေးတစ်အိတ်လျှင် (၂၅၀၀)ကျပ် ၊ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၁၀၀၀)ကျပ်၊ မြောင်းမြပေါ်ဆန်း တစ်အိတ်လျှင်(၁၀၀၀)ကျပ် အနည်းငယ် ဈေးတက်လျှက်ရှိပြီး ရွှေရင်အေး(၂)တစ်အိတ်လျှင် (၂၀၀၀)ကျပ်ခန့်ကျဆင်းသွားကြောင်း၊ ဈေးကွက်အတွင်း ဆန်အရောင်းအဝယ်မှာလည်း အသင့်အတင့်သာရှိပြီး ဆန်ဈေးအနည်းငယ် အတက်/အကျရှိကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)