မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ရေးအတွက် အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းကို (၂၃.၁၂.၂၀၂၄) ရက်နေ့ နံနက် (၉:၀၀) နာရီက ကဒါ ရပ်ကွက်၊ မင်္ဂလာဈေးတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။ ထိုသို့ရောင်းချရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော အမဲသား တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ဆန်တစ်ပြည် (၃၂၀၀) ကျပ်၊ ဆီတစ်ပိဿာ (၈၅၀၀) ကျပ်၊ ကြက်ဥ (၄) လုံး (၂၀၀၀) ကျပ်တို့ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသံမရောင်၊ အဖွဲ့ဝင် ဦးကျော်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ဈေးကော်မတီဝင်များ ရပ်ကွက်အုပ်ချုပ်ရေး မှူးများက သက်သာချောင်ချိရေးအတွက် ဆိုင်များတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(မွန်)