မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးတွင် လူသုံးကုန်၊ စားသောက်ကုန်များ လက်လီ လက္ကား ရောင်းချလျှက်ရှိပါသည်။ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော အခြေခံစား သောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်ပြည် (၆၅၀၀) ကျပ်၊ ဧည့်မထတစ်ပြည်လျှင် (၃၅၅၀) ကျပ်၊ ငစိန်တစ်ပြည်လျှင် (၃၄၅၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
အခြေခံစားကုန်များ၏ တစ်ပိဿာဈေးနှုန်းများမှ စားအုန်းဆီတစ်ပိဿာလျှင် (၈၀၅၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၅၅၀၀-၁၆၀၀၀) ကျပ်၊ နေကြာ ဆီတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကုလားပဲဆန် တစ်ပိဿာလျှင် (၇၄၀၀) ကျပ်၊ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ငရုတ်သီးပုတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငရုတ်သီးရှည် တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၅၀၀၀-၇၀၀၀) ကျပ် တို့ဖြစ်ပါသည်။
မွေးမြူးရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ တစ်လုံးလျှင် (၄၂၀) ကျပ်၊ ဘဲဥကြီးတစ်လုံးလျှင် (၅၆၀) ကျပ်ရှိသည်။မိတ္ထီလာမြို့၏ သား/ငါးဈေးနှုန်းနှင့် ငါးခြောက်တစ်ပိဿာ ဈေးများမှာ ကြက်သား (ဒေသကြက်) တစ်ပိဿာလျှင် (၂၆၀၀၀) ကြက်၊ ကြက်သား (CP) တစ်ပိဿာ လျှင် (၁၈၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၂၄၀၀၀) ကျပ်၊ ဆိတ်သားတစ််ပိဿာလျှင် (၂၄၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငါးမြစ် ချင်း တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ငါးတန်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးခူတစ်ပိသာလျှင် (၂၀၀၀၀) ကျပ်၊ ငါးရံတစ်ပိသာလျှင် (၂၀၀၀၀) ကျပ်၊ ငါးသလောက်တစ်ပိသာလျှင် (၃၀၀၀၀) ကျပ်၊ ငါးဖယ် တစ်ပိသာလျှင် (၁၅၀၀၀) ကျပ်၊ ငါးခြောက်တစ်ပိသာဈေးနှုန်းမှာ အာပြဲခြောက်တစ်ပိသာလျှင် (၂၆၀၀၀) ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိသာလျှင် (၁၅၀၀၀) ကျပ်၊ ငါးနီတူခြောက်တစ်ပိသာလျှင် (၁၄၀၀၀) ကျပ်၊ ပုဇွန်(လတ်)တစ်ပိသာလျှင် (၄၀၀၀၀) ကျပ်၊ ငါးရံခြောက်တစ်ပိသာလျှင် (၆၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)