မန္တလေးစျေးကွက်အတွင်း သံပုရာသီးနှင့် သံပုယိုသီးဝင်ရောက်မှုအနေဖြင့် ဒီဇင်ဘာလ စတုတ္ထပတ်တွင် အနည်းငယ်လျော့နည်းသွားပြီး သီးနှံစျေးနှုန်းအငယ်မြင့်သွားကြောင်း သိရှိရပါ တယ်။ စျေးကွက်အတွင်းရောက်ရှိလာသည့်သံပုရာသီးမှာ တောင်အင်းမြောက်အင်း ကျေးရွာ၊ မီချောင်းတပ်ကျေးရွာတို့မှာ စိုက်ပျိုးထွက်ရှိသည့်အသီးများနှင့် သံပုယိုသီးမှာ ရွှေစာယံ ကျေးရွာ၊ မီးသွေးဘုတ်ကျေးရွာတို့မှစိုက်ပျိုးထွက်ရှိသည့်အသီးများပိုမိုဝင်ရောက်ပြီး၊ မန္တလေးတိုင်းဒေသကြီး ရှိအခြားမြို့နယ်များ နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှလည်း ဝင်ရောက်ကြောင်း သိရှိရပါတယ်။
သံပုရာသီးနှင့်သံပုယိုသီးများမှာ မိုးရာသီတွင် ပိုမိုထွက်ရှိပြီး၊ ဆောင်းရာသီတွင် ထွက်ရှိမှုလျော့ကျ သည့်အတွက် စျေးအနည်းငယ်မြင့်တက်ကြောင်း သိရှိရပါတယ်။ သံပုရာသီးများအား ဖျော်ရည် အဖြစ်သုံးစွဲခြင်းနှင့်သံပုယိုသီးအား ယိုစုံနှင့်စားသောက်ကုန်လုပ်ငန်းများတွင် သုံးစွဲမှုများပြားပြီး ကျန်းမာရေးဓါတ်စာအဖြစ် အသုံးပြုခြင်းတို့ကြောင့် စျေးကွက်အတွင်း ရောင်းအားကောင်းသည့် အတွက် စျေးကောင်းရသီးနှံဖြစ်ကြောင်း သိရှိရပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း၊ဝေယံထွန်းစျေး၊ကုန်စိမ်းသီးနှံများ လက္ကားရောင်းချသည့်စျေးတွင် အသီးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိပြီး၊ ဒီဇင်ဘာလစတုတ္ထပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီး လက္ကားစျေးမှာ ၂၅လုံးလျှင် ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/- စျေး၊ သံပုယိုသီးလက္ကားစျေးမှာ ၂၅ လုံးလျင် ၁၅၀ဝိ/- နှင့် ၂၀၀ဝိ/-စျေး၊ သံပုယိုချဉ်ထုတ်တစ်ထုတ်(တစ်ပိဿာပါ)လျင် လက္ကားစျေး ၅၀၀ဝိ/- နှင့် ၆၀၀ဝိ/- စျေးအသီးသီးရောင်းချလျက်ရှိပြီး၊ လက်လီစျေးမှာ သံပုရာသီးတစ်လုံးလျင် ၂၀ဝိ/- နှင့် ၂၅ဝိ/-စျေး၊သံပုယိုသီးတစ်လုံးလျှင် ၁၀ဝိ/- နှင့် ၁၅ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။
DOCA(မန္တလေး)