Main menu

ဟင်္သာတခရိုင်တွင် နွေစပါးများ စတင်ထွက်ရှိပြီး ဈေးကောင်းရလျက်ရှိ

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ၂၀၂၂ ခုနှစ်တွင်‌ နွေစပါး စိုက်ဧက ၃၇၂၅၃ ဧက စိုက်ပျိုးခဲ့ပြီး၊ ဧပြီလကုန် မေလဆန်းတွင် နွေစပါးများ စတင်ထွက်ရှိလာကာ ဈေးကွက်ဝင်ရောက်လာပါသည်။ နွေစပါးကို GW 11၊ ပခန်းရွှေဝါ၊ ဆင်းသုခ၊ မနောသုခ၊ မှော်ဘီ (၃)၊ သီးထပ်ရင်၊ ထိုင်း (၉၀) မျိုးများကို စိုက်ပျိုးကြပြီး၊ တစ်ဧက ပျမ်းမျှ တင်း(၉၀) နှုန်းထွက်ရှိပြီး၊ ပေါင် (၅၀) တင်းတရာ လျှင် စက်အရောက် ၇၆၀၀၀၀ ကျပ်မှ ၈၀၀၀၀၀ ကျပ်ဈေးရလျက်ရှိပြီး တောင်သူတို့ဈေးကောင်းရလျက် ရှိပါသည်။ နွေဆန် ဆင်းသုခ ၁၀၈ ပေါင် တစ်အိတ်လျှင် လက်လီဈေး ၃၀၀၀၀ ကျပ်၊ လက်ကားဈေး ၂၉၅၀၀ကျပ်၊ ထိုင်း (၉၀) ၁၀၈ ပေါင်တစ်အိတ်လျှင် လက်လီဈေး၂၉၅၀၀ ကျပ်၊ လက်ကားဈေး ၁၀၈ပေါင်တစ်အိတ်လျှင်  ၂၉၀၀၀ကျပ်၊ ဖွဲနုပေါင် (၇၀) တစ်အိတ်လျှင် ၁၃၀၀၀ ကျပ် ဈေးပေါက်ပြီး အရောင်းအဝယ်သွက်လျှက် ရှိပါသည်။

DOCA(ဧရာဝတီ)