Main menu

ပခုက္ကူမြို့ပေါ်၌ ဖြစ်ပေါ်နေသော ကွမ်းသီးကွမ်းရွက် ဈေးနှုန်းဈေးကွက်

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့သည် အညာဒေသ၏ ရှေးယခင်ကထက် ရိုးရာဓလေ့အတိုင်း ကွမ်းသီး၊ ကွမ်းရွက်များ၊ ဆေးများ စားသုံးခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ ယခင်နှစ်ပေါင်းများစွာ ကတည်းက ကွမ်းရွက်များကို ခြံများဖြင့် စိုက်ပျိုးခဲ့ကြသော်လည်း ယခုအချိန်တွင် ဥယာဉ်ခြံများ၌ စိုက်ပျိုးမှုများနည်းပါးခဲ့ပါသည်။ ယခုအခါတွင် ပေါက်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ ထွက်ရှိသော ကွမ်းရွက်၊ မန္တလေးတိုင်းဒေသကြီး မတ္တရာနယ်မှ ထွက်ရှိသော ကွမ်းရွက်များကို စားသုံးလာခဲ့ကြကြောင်း သိရသည်။

      ဈေးနှုန်းဈေးကွက်များအနေဖြင့် ပခုက္ကူမြို့တွင် ရောင်းချနေသော ကွမ်းရွက်ဈေးနှုန်းများမှာ မတ္တရာကွမ်းရွက် တစ်ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ ပေါက်မြို့ ကွမ်းရွက်တစ်ပိဿာလျှင် ကျပ်(၂၆၀၀၀)၊ မုံရွာကွမ်းရွက် တစ်ပိဿာလျှင် ကျပ်(၂၆၀၀၀)ဖြင့် ရောင်းချနေပြီး ကွမ်းသီးဈေးနှုန်းအနေဖြင့် ကွမ်းသီး ခြောက် တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ရိုးရိုးကွမ်းသီး တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ရေစိမ်ကွမ်းသီး တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြင့် ရောင်းချနေကြောင်း၊ တစ်နေ့လျှင် ကွမ်းရွက် ပိဿာချိန်(၁၀၀၀-၁၅၀၀)ခန့် ဝင်ရောက်နေကြောင်း ကွမ်းသီးကွမ်းရွက်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)