သင်္ဘောပင်ကို မြန်မာနိုင်ငံအနှံ့အပြား အပူပိုင်းနှင့် အပူအနည်းငယ်လျော့ဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။သင်္ဘောပင်အဖိုပင်နှင့်အမပင် နှစ်မျိုးရှိပြီး အဖိုပင်မှာ အပွင့်သာ ပန်းခိုင်သဖွယ်တွဲလျက်ပွင့်ပြီး အသီးမသီးပါ။၄◌င်းသင်္ဘောဖိုအပွင့်ကို ပြုတ်၍ အသုတ်သုတ်စား၍ သော်လည်းကောင်း၊ အတို့အမြှုပ်လုပ်၍သော်လည်းကောင်း စားသုံးကြပါသည်။ကျန်းမာရေး အတွက်လည်း သင်္ဘောရွက်ကို အတို့အမြှုပ်လုပ်၍သော်လည်းကောင်း၊ သင်္ဘောဖိုရွက်ကို ကြိတ်ထောင်း၍ သတ္တူအရည်ကိုလည်းသောက်သုံးကြကြောင်း သိရှိရသည်။ သင်္ဘောအမပင်မှ သာ အသီးသီးပါသည်။ဗမာသင်္ဘောပင်အမျိုးအစားကို တပိုင်တနို်ငသာစိုက်ပျိုးကြပြီး ယခုအခါ ထိုင်ဝမ်သင်္ဘောပင်မျိုးကို စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။ ဈေးကွက်အတွင်း၌ သင်္ဘောသီးကို အစိမ်းအတိုင်းသော်လည်းကောင်း၊ အမှည့်သော်လည်းကောင်း ရောင်းကြပါသည်။ သင်္ဘောသီး အစိမ်းကို သင်္ဘောသီးသုတ်၊ ယိုးဒယားသင်္ဘောသီးထောင်း၊ ယိုးဒယားသင်္ဘောသီးအပြားသုတ်၊ သင်္ဘောသီးယိုနှင့် အသုတ်စုံများထဲတွင်လည်း အနည်းငယ်ထည့်၍ စားသုံးကြပါသည်။ သင်္ဘော သီးယိုကို SME လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြပြီးအသင့်အတင့်ဝင်ငွေရရှိသော အသေးစား အလတ်စားစိးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်းလည်းသိရှိရသည်။ သင်္ဘောသီးအစိမ်းတစ်လုံးလျှင် အရွယ်အစားအကြီးအသေးပေါ်မူတည်၍ ၁၅၀၀မှ ၃၀၀၀ကျပ်ဈေးဖြင့်လည်းကောင်း ရောင်းဝယ် ကြပါသည်။ သင်္ဘောသီးအမှည့်ကို ကျန်းမာရေးအတွက် ဝမ်းလဲမှန်၊ အမျှင်ဓာတ်နှင့် ဗီတာမင်များစွာပါဝင်သောကြောင့် လူကြိုက်များပြီး စားသုံးမှုများသည့် အသီးအနှံတစ်မျိုးလည်း ဖြစ်ပါသည်။ သင်္ဘောသီးကို အချိုပွဲအဖြစ်လည်းကောင်း၊ ဖျော်ရည်လုပ်၍သော်လည်းကောင်း စားသုံးကြပါသည်။သင်္ဘောသီးအမှည့်တစ်လုံးလျှင်အကြီး-၄၀၀၀ကျပ်၊ အလတ်-၃၀၀၀ကျပ်၊ အသေး-၂၀၀၀ကျပ် စသည့်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
DOCA(မန္တလေး)