Main menu

ဖွံ့ဖြိုးဝေစည်လာမည့် ရခိုင်ပြည်နယ်၊ ဂွမြို့

Powered by Drupal

         ဂွမြို့နယ်သည် ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံးတွင် ကျရောက်သောမြို့တစ်မြို့ဖြစ်ပြီး သံတွဲခရိုင်အတွင်းတည်ရှိပါသည်။ ဧရာဝတီတိုင်းနှင့် နယ်မြေချင်းထိစပ်နေသော ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်ပြီး  အလွန်သာယာလှပသော ကမ်းသာယာကမ်းခြေနှင့် ဂွမြို့နယ်၏ ထူးခြားလှပသော နာမည်ကျော် ဂွကျွန်းအလှကိုလည်း ရင်သပ်ရှုမောဖွယ်တွေ့မြင်ရမည် ဖြစ်ပါသည်။  လူဦးရေ (၆)သောင်းကျော်ခန့်နေထိုင်ပြီး ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ဂွမြို့နယ်မှ သစ်၊ ဝါး၊  မျှင်ငပိ၊ ငါးခြောက်များထွက်ရှိသည်။

          စီးပွားရေးမြို့တော်တစ်ခုဖြစ်သည့် ရန်ကုန်မြို့နှင့် (၁၄၆)မိုင်ခန့်သာ ကွာဝေးသောကြောင့် ပြည်မနှင့်လည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့တစ်မြို့ဖြစ်ပါသည်။  ဂွ-မကျည်းငူ တံတားအား ဆောက်လုပ်နေပြီး တံတားပြီးစီးပါက ဂွမြို့နယ်မှတဆင့် ဧရာဝတီတိုင်းအတွင်းရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများသို့ လွယ်ကူလျင်မြန်စွာ အချိန်တိုအတွင်း သွားလာနိုင်တော့မည်ဖြစ်ပါသည်။ ၎င်းအပြင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ပေးမည့် ငရုတ်ကောင်း-ဂွကမ်းခြေပတ်လမ်းစီမံကိန်းကို အကောင်အထည်‌ဖော်ဆောင်ရွက်နေပြီဖြစ်သည့်အတွက် စီမံကိန်းပြီးစီးပါက ဂွမြို့ ကမ်းခြေခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ဒေသခံ ပြည်သူများမှာလည်း အလုပ်အကိုင် အခွင့်အလမ်းများရရှိလာနိုင်ပါသည်။

          သို့ဖြစ်ပါ၍ လမ်းပန်းဆက်သွယ်ရေး‌ကောင်းမွန်လာသည်နှင့်အမျှ နောင်တစ်ချိန်တွင် ဂွမြို့နယ်၏ လူမှုစီးပွားဘဝမှာလည်း များစွာဖွံဖြိုးတိုးတက်လာမည့်မြို့တစ်မြို့ ဖြစ်လာနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(ရခိုင်)