Main menu

အဝင်စောသည့် ပဲစဉ်းငုံဈေးကွက်

Powered by Drupal

          ပဲစဉ်းငုံထွက်ရှိရာဒေသများဖြစ်သည့် မိတ္ထီလာ၊ မလှိုင်၊ ငါန်းဇွန်၊ မြင်းခြံနှင့် ကျောက်ပန်းတောင်းတို့တွင် နှစ်စဉ်မေလနှင့် ဇွန်လတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရသည်။ ပဲစဉ်းငုံကို အရွက်နှင့်အရိုးနုများကို တိရစ္ဆာန်အစားစာအဖြစ် အသုံးပြုရုံသာမက စိုက်ပျိုးသည့်တောင်သူများလည်း ထင်းမီးအဖြစ် အသုံးပြကြပြီး ပဲစဉ်းငုံကို ချက်ပြုတ် စားသောက်ပါက ကိုယ်ယောင်ကိုယ်ဖောရောဂါဝေဒနာရှင်များအတွက် အထူးသင့်လျော် ကြောင်း သိရှိရသည်။ ပဲစဉ်းငုံများကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ရှိ ကြောင်း သိရှိရပြီး ထွက်ရှိရာဒေသများသို့ ရွာပွဲစားများကိုယ်တိုင် အိမ်အရောက် လာရောက် ဝယ်ယူသူများနှင့် မန္တလေးမြို့ပေါ်ရှိ ပွဲရုံများသို့ကိုယ်တိုင် လာရောက်ရောင်းချကြောင်း၊ ယခင်နှစ်က ပဲစဉ်းငုံတစ် တင်းလျှင် ၉၀၀၀ဝိ/ကျပ်ရှိပြီး ဇန်နဝါရီလဒုတိယပတ်တွင် ၁၀၅၅၀ဝိ/ဖြင့် ရောင်းဝယ်ကြ ကြောင်း ယခုနှစ်တွင်မူ မန္တလေးပွဲရုံများသို့ ပဲစဉ်းငုံ(အနီ)အသစ် သုံးတင်းဝင် တစ်အိတ်လျှင် ၃၀၅၀၀ဝိ/ကျပ်ဖြင့် မန္တလေးကုန်စည်ဒိုင်ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ယခင်နှစ်နှင့် ယခုနှစ်နှိုင်းယှဉ်မည်ဆိုပါက သုံးတင်းဝင် တစ်အိတ်လျှင် ၂၉၀၀ဝိ/ ကျပ်ကွာခြားကြောင်း သိရှိရပါသည်။ပဲစဉ်းငုံများကို ပြည်ပ ပို့ကုန်ဖြစ်သည့် အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)