ဇန်နဝါရီလပထမပတ်အတွင်း မန္တလေးစျေးကွက်သို့ ပဲသီးနှံအစိုများဖြစ်သည့် ပဲကြီး၊ ထောပတ်ပဲနှင့် ပဲလိပ်ပြာ(ခေါ်)ပဲစိတ်တိုများ အများအပြားဝင်ရောက်လျှက်ရှိကြောင်း သိရပါတယ်။ ပဲကြီး(အစို)မှာ လက်လီ၊ လက္ကား အရောင်းသွက်သည့်ပဲတစ်မျိုးဖြစ်ကြောင်း သိရှိရပါတယ်။ ပဲကြီး သီးနှံ(အစို)စျေးကွက်အနေဖြင့် ဒီဇင်ဘာလပထမပတ်တွင် ဖြစ်ပေါ်ခဲ့သောပေါက်စျေးနှင့် နှိုင်းယှဉ် ပါက စျေးအနည်းငယ်ကျဆင်းသွား ကြောင်းတွေ့ရှိရပါတယ်။ ပဲကြီးသီးနှံအနေဖြင့် အစိုနှင့် အခြောက်စျေးကောင်းရသည့်ပဲအမယ်တစ်မျိုးဖြစ်ပြီး၊ပြည်တွင်းသုံးစွဲမှုများပြားသကဲ့သို့ ပြည်ပသို့ လည်း တင်ပို့ရောင်းချသည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲကြီးသီးနှံစိုက်ပျိုးမှု များပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မြင်းခြံခရိုင်တို့မှစိုက်ပျိုးထွက်ရှိသည့်ပဲကြီးသီးနှံများ၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်မကွေးတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့်ပဲကြီးသီးနှံများလည်းအများအပြားဝင်ရောက်ကြောင်း တွေ့ရှိရပါတယ်။ပြည်တွင်း၌ ပဲကြီးသီးနှံစားသုံးမှုမှာ ပဲကြီးနှပ်၊ပဲကြီးဟင်းချို၊ ပဲကြီးကြော်၊ ပဲကြီး လှော်သရေစာအဖြစ် အမျိုးမျိုးစားသုံးလျှက်ရှိပြီး၊ လက်ဖက်နှင့်တွဲဖက်၍ စားသုံးသည့်ပဲအမျိုး အစားတစ်မျိုးဖြစ်ပါတယ်။မန္တလေးမြို့၊ ၄၁လမ်း၊ ကမ်းနားလမ်းစျေးနှင့် သီရိမာလာစျေး (ပိုက်ကျုံး စျေး)ရှိသီးနှံကုန်စိမ်းလက္ကားရောင်းချသည့်စျေးတို့တွင် ပဲကြီးသီးနှံ (အစို)အများအပြားဝင်ရောက် လာသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း ပဲကြီးသီးနှံ(အစို) ရောင်းချသည့်ဆိုင်ရှင် တစ်ဦး၏ပြောပြချက်အရ သိရှိရပါတယ်။ ကုန်စိမ်းစျေးကွက်တွင် ပဲကြီးသီးနှံ(အစို)များကို ထည့် ထားသည့် (နို့ဆီဗူး ၁၁ဗူးပါ) အထုတ်များဖြင့် ရောင်းချလျက်ရှိပါတယ်။ လက္ကားစျေးအနေဖြင့် ဒီဇင်ဘာလပထမပတ်အတွင်း ပဲကြီး(အစို)တစ်ထုတ်(နို့ဆီဗူး ၁၁ ဗူးပါ) လျှင် ၈၀၀ဝိ/-နှင့် ၈၅၀ဝိ/-စျေး၊လက်လီစျေးတစ်ဗူးလျှင် ၁၄၀ဝိ/- နှင့်၁၅၀ဝိ/- ဖြစ်ပေါ်ခဲ့ပြီး၊ ဇန်နဝါရီလ ပထမပတ်တွင် လက္ကားစျေးတစ်ထုတ်(နို့ဆီဗူး ၁၁ ဗူးပါ)လျှင် ၇၀၀ဝိ/- နှင့် ၇၅၀ဝိ/- စေျး၊ လက်လီစျေးတစ်ဗူး လျှင် ၁၂၀ဝိ/- နှင့် ၁၃၀ဝိ/- စျေးဖြင့် အသီးသီးရောင်းချလျက်ရှိပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ဇန်နဝါရီလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ပဲကြီးတစ်တန်လျှင် ၃၁၀၃၅၁၅ ကျပ်နှင့် ၃၃၂၅၁၉၅ ကျပ်၊ပဲကြီးတစ် ပိဿာ ပေါက်စျေးမှာ ၅၀၆၈ ကျပ်နှင့် ၅၄၃၀ ကျပ်အသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ ပဲကြီးဝင်ရောက်မှု ပမာဏ ပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရှိရပါတယ်။ ပဲကြီးသီးနှံ မှာ အစိုနှင့်အခြောက်စျေးကောင်းရလျှက်ရှိပြီး၊ ပြည်တွင်းစားသုံးမှုပမာဏများပြားခြင်းနှင့် ပြည်ပ တင်ပို့သည့် စျေးကွက်လိုအပ်ချက်များသည့်စျေးကောင်းရ ပဲအမျိုးအစားဖြစ်ကြောင်း တင်ပြလိုက်ရ ပါတယ်။
DOCA(မန္တလေး)