မြင်းခြံမြို့နယ် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူသုံးစွဲ နိုင်ရေးအတွက် ခရိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူသက်သာ ဈေး ရောင်းနေ့အား ၉-၁-၂၀၂၅ ရက်နေ့ နံနက် ၈ : ၀၀ နာရီအချန်တွင် မြင်းခြံမြို့ အေးမြသီတာဈေး တွင်ရောင်းချခဲ့ကြောင်းသိရသည်။ ထိုအရောင်းဆိုင်ဖွင့်လှစ်ရောင်းခြင်းအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဦးဆောင် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဆန် အသင်း အဖွဲ့ ၊ ဆီအသင်းအဖွဲ့နှင့်ဈေး ကော်မတီဝင်များပူပေါင်း၍ ဆန်တစ်ပြီ ၃၅၀၀/- ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၈၇၀၀/- ကျပ် ၊ ကြက်ဉတစ်လုံး ၄၀၀/- ကျပ် ၊ အမဲသားတစ်ပိဿာ ၁၁၀၀၀/-ကျပ် ၊ ဝက်သားတစ်ပိဿာ ၁၅၀၀၀/- ကျပ် နှင့်ဆိတ်သားတစ်ပိဿာ ၁၆၀၀၀/- ကျပ်ရောင်းချပေးခဲ့ပြီး ရပ်ကွက်စုံမှလာရောက်ဝယ်ယူလျက်ရှိကြောင်း ဦးဆောင် ဆောင်ရွက်သူ ထံမှသိရပြီး အဆိုပါ ရောင်းချမှုအစီအစဉ်အား မြင်းခြံမြို့ရှိ မြို့မဈေး ၊ စံပြဈေးနှင့်အေးမြသီတာ ဈေးတို့တွင် အလှည့် ကျပုံမှန် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
DOCA(မန္တလေး)