Main menu

မန္တလေးဈေးကွက်အတွင်းမုန်လာဥဖြူများအဝင်များလျက်ရှိ

Powered by Drupal

မန္တလေးမြို့အနီးတဝိုက်ရှိ ပြင်ဦးလွင်ဒေသကျောက်ဆည်နှင့်စဉ့်ကိုင်မြို့နယ်များမှ မုန်လာဥဖြူများ ရာသီချိန်ဖြစ်၍ အဝင်များလျက်ရှိသည်။မုန်လာဥဖြူများသည် မိုးကုန်ပြီး အချိန်စိုက်ပျိုး၍ ဆောင်းတွင်းကာလတွင် ဥများထွက်ရှိပြီး ဈေးကွက်သို့တင်ပို့ရောင်းချကြသည်။ မုန်လာဥကို ချဉ်ရည်ဟင်း/ အသားများနှင့် ရောနှော ချက်ပြုတ်၍ လည်းကောင်း၊ အချဉ်ဖတ် အဖြစ်လည်းကောင်း စားသုံးနိုင်ပါသည်။ မုန်လာဥဖြူသည် ကျန်းမာရေးကို အထောက်အကူ ပြု၍ ကျောက်ကပ်ရောဂါအတွက် ကောင်းမွန်သောကြောင့် ဝယ်ယူ စားသောက်မှုများပြားသည့် ရာသီပေါ်ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်ပါသည်။

မုန်လာဥဖြူများ ပေါ်ဦးပေါ်စအချိန်တွင် (၅)လုံးပါတစ်စည်းလျှင် ကျပ်၁၀၀၀မှ ၁၅၀၀ ကြား ရှိပြီး အရွယ်အစားအလိုက် ဈေးနှုန်းများကွာခြားမှုရှိကြောင်း သိရသည်။ယခုအခါ မုန်လာဥဖြူ များ ထွက်ရှိသည့်အချိန်ဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ မုန်လာဥဖြူများဝင်ရောက်မှု များပြားလျက်ရှိပြီး ဈေးနှုန်းများကျဆင်းလျက်ရျီရာ မုန်လာဥဖြူအရွယ်အစား အလိုက် (၁) စည်းလျှင် ကျပ် ၅၀၀-၆၀၀-၇၀၀ အထိ ဈေးကွက်အတွင်းရောင်းဝယ်လျက် ရှိကြောင်းသိရ သည်။

DOCA(မန္တလေး)