Main menu

ကြက်သွန်ဖြူစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ

Powered by Drupal

          စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူသီးနှံကို မြစ်သားမြို့နယ်တွင်(၅၅)ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည် ။ ကြက်သွန်ဖြူ စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊မျိုးအနေဖြင့် ပိဿာ(၆၀)ခန့်ကုန်ကျကြောင်း၊ မျိုး(၁)ပိဿာလျှင်(၁၅၀၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊အထွက်နှုန်းခန့်မှန်းအနေဖြင့် ပိဿာ(၅၀၀-၈၀၀)အထိထွက်ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ရေပြစ်၊ ကျောက်ဆောက်၊ဒါန်းတိုင်နှင့်ဒါးရဲကောင်းကျေးရွာများတွင်စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုး သောမျိုးမှာဗမာဖြူမျိုးများကိုသာစိုက်ပျိုးကြပါသည်။ယခုလက်ရှိစျေးကွက်အတွင်း ရှမ်းကြက်သွန် ဖြူ(အကြီး/အသေး)များအဝင်များကြောင်း၊ ရှမ်းကြက်သွန်ဖြူ အကြီး(၁)ပိဿာလျှင်(၁၈၀၀၀/-) ကျပ်၊ အသေး(၁)ပိဿာလျှင်(၁၅၀၀၀/-) ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိပြီး ဗမာကြက်သွန်ဖြူ (၁)ပိဿာလျှင်(၂၀၀၀၀/-)ကျပ်ရှိကြောင်း၊ ရှမ်းကြက်သွန်ဖြူများကို အောင်ပန်း၊ကလော၊ရွာငံနှင့် တောင်ကြီးမှဝင်ရောက်လျှက်ရှိကြောင်း၊ ဗမာကြက်သွန်ဖြူကို အိမ်ရှင်မများ အသုံးများသော ကြောင့်အမြို့မြို့အနယ်နယ်သို့တင်ပို့ရောင်းချကြကြောင်း၊ဝယ်လိုအားရှိသော ဗမာကြက်သွန်ဖြူ မျိုးများကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း၊ယခင်နှစ် အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး သိန်း(၄၀)ကျော်မြတ်ကြောင်း၊ကြက်သွန်ဖြူစျေးများ တစ်နှစ်ထက်တစ်နှစ် စျေးနှုန်းများ‌ကောင်း မွန်သောကြောင့် တောင်သူများ စိုက်ပျိုးရကျိုးနပ်ကြောင်း၊ယခုနှစ်ပေါ်ချိန်တွင်လည်းစျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ကြက်သွန်ဖြူပေါ်ချိန် တွင်လည်းပွဲစားများမှရွာအရောက်လာရောက်ဝယ်ယူကြကြောင်း နှင့် မန္တလေးပွဲရုံများသို့လည်း တင်ပို့ရောင်းချကြပါသည်။ဝယ်လိုအားရှိပြီး စားသုံးသူများကြိုက်နှစ်သက်သော ကြက်သွန်ဖြူ သီးနှံကိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)