Main menu

ဒေသထွက်ကုန်အရောင်းပြခန်း ခင်းကျင်းပြသ

Powered by Drupal

             သာပေါင်းမြို့နယ်၊ အ.ထ.က ကျောင်းဝန်းအတွင်း၌ စာကြည်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိုန်မြှင့်တင်ရေးပွဲတော်ကျင်းပဆောင်ရွက်ရာတွင် MSMEs ဒေသထွက်ကုန်အရောင်းပြခန်းအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ခင်းကျင်းပြသရောင်းချမည်ဖြစ်ကြောင်း ထိုသို့ပြသရောင်းချရာတွင် ဒေသတစ်ခုထုတ်ကုန်တစ်ခုအနေဖြင့်ပြသရောင်းချခြင်းဖြစ်ပြီး၊ မိမိဒေသ ထွက်ကုန်များရှိခြင်းဖြင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး၊ မိမိဒေသတွင်းထွက်ရှိသည့်ပစ္စည်းများကို ဝယ်ယူစားသုံးခြင်း၊ သုံးစွဲခြင်း ဖြင့် သန့်ရှင်းလတ်ဆက်၍ ဈေးနှုန်းချိုသာသော မုန့်မျိုးစုံများအား စားသုံးနိုင်ခြင်းတို့ ကိုရည်ရွယ်ပြသ ရောင်းချခြင်းဖြစ်ကြောင်းနှင့် MSMEs လုပ်ငန်းတွင် ဘုရင်မ ဒန်ပေါက်နှင့် မုန့်မျိုးစုံလုပ်ငန်း၊ မြတ်မွန် တံမြတ်စည်းလုပ်ငန်း၊ ရွှေချိန်ခွင် ဖိနပ်လုပ်ငန်းတို့ကို ခင်းကျင်းပြသရောင်းချမည်ဖြစ်ပြီး မြတ်မွန် တံမြတ်စည်းလုပ်ငန်းနှင့် ရွှေချိန်ခွင် ဖိနပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံစီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် ထောက်ပံ့ဆောင်ရွက်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)