ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တို့တွင် မိုးစပါးစိုက်ပျိုးပြီးချိန်၌ မတ်ပဲသီးနှံကို သီးထပ်အဖြစ်အများဆုံးစိုက်ပျိုးကြပြီး နှစ်ခရိုင်ပေါင်း ဧက ၄သိန်းကျော်စိုက်ပျိုးပြီး တတိုင်းလုံးစိုက်ဧက၏ တဝက်ခန့် စိုက်ပျိုးသောဒေသလည်းဖြစ်ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မတ်ပဲ စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်မှာ ၇သိန်းခွဲကျပ်ခန့်ရှိပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ၁၆ တင်းခန့်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ကိုင်းမြေများ၌ စိုက်ပျိုးသော မတ်ပဲအသစ်များ ဈေးကွက်ဝင်ရောက်လာပြီး ဟင်္သာတ ကုန်စည်ဒိုင်တွင် နေ့စဉ်ပျမ်းမျှ အိတ် ၉၀၀ မှ ၁၂၀၀ ကြား အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၆.၁.၂၀၂၅) နေ့တွင် မတ်ပဲအသစ် တစ်တင်း လျှင် အရည်အသွေး အလိုက် ၉၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်ကြားဈေးပေါက်လျက်ရှိရာ တောင်သူများ တစ်ဧက ပျမ်းမျှ ၉ သိန်းကျပ်ခန့် အကျိုးအမြတ်ရလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှစ၍ မတ်ပဲဈေးမှာ ကျဆင်းခြင်းမရှိပဲ တစ်တင်းလျှင် ၁၀၀၀၀၀ ကျပ်ဝန်းကျင်တွင် ဆက်လက်တည်ရှိနေသဖြင့် မတ်ပဲစိုက်တောင်သူတို့အား အကျိုးဖြစ်ထွန်းစေသော ဆောင်းသီးနှံ ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)