Main menu

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစဉ်းငုံနီများ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ပဲမျိုးစုံကို စိုက်ပျိုးလျက်ရှိပြီး အဓိကစိုက်ပျိုးသီးနှံမှာ ပဲစဉ်းငုံနီ၊ ကုလားပဲ၊ ပဲနီ၊ မြေပဲ၊ နှမ်းစသောသီးနှံများကို အများဆုံး စိုက်ပျိုး လျက်ရှိပါသည်။ ပဲစဉ်းငုံနီကို ပခုက္ကူမြို့နယ်၊ ချောက်ကန်အုပ်စုများဖြစ်သော အရှေ့ချောက်ကန်၊ အနောက်ချောက်ကန်၊ လက်ပကန်၊ ကိုင်းအုပ်စု၊ မန်ကျည်းကိုးပင်၊ ကံတော်၊ ကံလှ၊ ဒဟက်ချောက် ကျေးရွာများတွင် သီးညှပ်အဖြစ် စိုက်ပျိုးလျက်ရှိပါသည်။ ပဲစဉ်းငုံနီကို နယုန်လတွင် စတင်စိုက်ပျိုးပြီး နတ်တော်လဆန်းတွင် ပဲစဉ်းငုံနီ(အသစ်)များ စတင်ပေါ်ထွက်လျက်ရှိကြောင်း သိရသည်။

            ယခု၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲစဉ်းငုံနီ(အသစ်)များ ကုန်စည်ဒိုင်သို့ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အရောင်းအဝယ်ဖြစ်ခဲ့သောဈေးနှုန်းမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၉၈၅၀၀)မှ(၁၀၃၀၀၀)ထိဖြစ်ပြီး တစ်နေ့လျှင် အိတ်ရေ(၃၀၀)မှ(၅၀၀)ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ပဲစဉ်းငုံနီကို ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)