Main menu

မုံရွာ သံချောင်းလုံး၊ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးကွက်

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဈေးကွက်၌ မေလဒုတိယအပတ်တွင် သံချောင်းလုံး ဈေးနှုန်းနှင့် ဘိလပ်မြေဈေးနှုန်းများ အတက်အကျရှိကြောင်း သိရှိရသည်။ မေလ ဒုတိယပတ်တွင် သံချောင်းလုံး ၃ မူး တစ်တန် ကျပ် ၁၁၇၀၀၀၀၊ ၅ မူးတစ်တန် ကျပ် ၁၀၈၀၀၀၀ ၊ ၆ မူး တစ်တန် ကျပ် ၁၁၇၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဘိလပ်မြေဈေးကွက်၌ ကြံ့နှစ်ကောင် တစ်အိတ် ကျပ် ၇၅၀၀၊ အပါချီတစ်အိတ် ကျပ် ၇၃၀၀၊ Crown တစ်အိတ် ကျပ် ၇၇၀၀ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းကို မုံရွာမြို့ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များမှ စုံစမ်းသိရှိရသည်။

          မုံရွာမြို့ရှိ ဓာတ်မြေဩဇာဈေးကွက်မှာမူ အရောင်းအဝယ်ပါးကြောင်းသိရှိရပါသည်။ မေလဒုတိယပတ် တွင် အာမို (၁၅:၁၅:၁၅)၅၀kg ပါ တစ်အိတ်လျှင် ကျပ် ၉၇၀၀၀၊ နိုက်ထရိုဖော်စကာ(ဩဘာ) ၅၀kg ပါ တစ်အိတ်လျှင် ကျပ် ၉၇၀၀၀ နှင့် ပန်းဖူး(ရွှေပျား)၅၀kgပါ တစ်အိတ်လျှင် ကျပ် ၉၇၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ယခင် အပတ်ထက် သံချောင်းလုံးတစ်တန် ကျပ် ၂၀၀၀၀ကျပ်ဈေးနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းမှာ တစ်အိတ် လျှင် ကျပ် ၅၀၀၀ ဈေးမြင့်တက်ခဲ့ပြီး၊ ဘိလပ်မြေတစ်အိတ် လျှင် ကျပ် ၃၀၀ ဈေးကျခဲ့ကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်နှင့် စိုက်ပျိုးရေးဆေးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)