Main menu

၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော ပန်းမုံလာနှင့် မုန်လာဥ ဈေးနှုန်းအခြေအနေ

Powered by Drupal

           ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီပေါ်သီးနှံဖြစ်သည့် ပန်းမုံလာနှင့် မုန်လာဉများကို ရောင်းချလျက်ရှိပါသည်။ ပန်းမုံလာနှင့် မုံလာဉများကို အခြားမြို့များမှ သယ်ယူရောင်းချ သည့်အပြင် ရွှေဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း စိုက်ပျိုးကြပြီး ရွှေဘိုမြို့ပေါ်သို့ လာရောက်ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော ပန်းမုံလာနှင့် မုန်လာဉဈေးနှုန်းမှာ ပန်းမုံလာ (၁)ပွင့်လျှင် အရွယ်အစားပေါ်မူတည်၍ (၁၅၀ဝိ/-) ကျပ်၊ (၂၀၀ဝိ/-)ကျပ် နှင့် (၂၅၀ဝိ/-)ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး မုန်လာဥ  (၅)လုံးပါ (၁)စည်းလျှင် (၅၀ဝိ/- ) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)