Main menu

မုံရွာ၌ ရှောက်သီး၊ သံပုရာသီးတို့ကိုတန်ဖိုးမြင့်စားသောက်ကုန်အဖြစ် အရောင်းမြှင့်တင်

Powered by Drupal

          ရှောက်သီး၊ သံပုရာသီးတို့ကို မုံရွာမြို့နယ်အနေဖြင့် ညောင်ဖြူပင်နှင့် သစ်ဆိမ့်ရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးမြေကောင်း၍ ဖြစ်ထွန်းအောင်မြင်သေ ာနှစ်ရှည်ပင်အမျိုးအစား ဖြစ်ပါသည်။ စိုက်ပျိုးရာတွင် မျိုးစေ့ချ၍စိုက်ပျိုးခြင်းမရှိဘဲ အပင်ကိုင်းကူး၍သာစိုက်ပျိုးပြီး အပင်များကို တစ်ပင်နှင့်တစ်ပင်ကြား ၁၅ ပေအကွာအဝေးဖြင့်စိုက်ပျိုးထားရှိပြီး သံပုရာသီးတစ်ဧကလျှင် အပင် ၇၀ ခန့် စိုက်ပျိုး၍ အထွက်နှုန်းကောင်းမွန်စေရန် ဓာတ်မြေဩဇာအနေဖြင့် နွားချေးကိုသာအသုံးပြု၍ ရေသွင်းစိုက်ပျိုးကြပါသည်။

          မုံရွာမြို့နယ်မှထွက်ရှိသော ရှောက်သီး၊ သံပုရာသီးများကို မုံရွာမြို့ပေါ်ရှိ အဝယ်ဒိုင်များမှ ခြံအထိလာရောက်ဝယ်ယူပြီး ၎င်းအဝယ်ဒိုင်များမှတစ်ဆင့် မန္တလေးမြို့နယ်၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့များအထိ တင်ပို့ကြကြောင်း၊ ယခုအချိန်တွင် သံပုရာသီးအလုံးသေးတစ်လုံးလျှင် ကျပ် ၈၀ ၊ အလုံးကြီးတစ်လုံးလျှင် ကျပ် ၁၅၀ နှင့် ရှောက်သီးအလုံးသေးတစ်လုံးလျှင် ကျပ် ၂၀၀၊ အလုံး ကြီးတစ်လုံးလျှင် ကျပ် ၃၀၀ နှုန်းဖြစ်ကြောင်း သံပုရာသီးမှာ တစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး ရာသီနှင့် အလုံးအကြီးပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။

          ထို့အပြင် မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် ဒေသထွက်သီးနှံဖြစ်သည့် ရှောက်သီး၊ သံပုရာသီးများအား အခြေခံ၍ ရှောက်ပေါင်းချို၊ သံပုရာပေါင်းချိုပြုလုပ်ပြီး မန္တလေးမြို့နယ်၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့တွင် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)