ကန်ကြီးထောင့်မြို့ရှိ မြို့နယ်အနှံအပြားတွင် မိသားစုအိမ်ခြံဝင်း၌လည်းကောင်း၊ တစ်နိုင် တစ်ပိုင် စိုက်ပျိုး၍လည်းကောင်း ချဉ်ပေါင်ပင်များကို စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ချဉ်ပေါင်ရွက် များကို တစ်နှစ်ပတ်လုံးစားသုံးရန် စိုက်ပျိုးကြသော်လည်း ချဉ်ပေါင်သီးမှာ နွေရာသီရောက်မှသာ အဖူးများ ထွက်လာပြီး ရာသီစာသီးနှံအဖြစ် ရောင်းချကြောင်း သိရှိရပါသည်။
ချဉ်ပေါင်မျိုးစေ့များကို ဒေသအခေါ်အဝေါ်အရ ချဉ်ပေါင်လက်ကြား၊ ချဉ်ပေါင်နီနှင့် ချဉ်ပေါင်ဖြူဟူ၍ သုံးမျိုးရှိပြီး ချဉ်ပေါင်လက်ကြားကိုဆေးဖက်ဝင် ချဉ်ပေါင်ပင်အဖြစ်အသုံးပြုကြောင်း သိရှိရပါသည်။ (၆.၁.၂၀၂၅) ရက်နေ့ ဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိသော ချဉ်ပေါင်သီး ရောင်းဈေးမှာ (၅၀) ကျပ်သားလျှင် (၂၀၀၀) ကျပ်ခန့်ဖြင့်လည်းကောင်း ချဉ်ပေါင်ရွက်(၁) စီးလျှင် (၄၀၀) ကျပ်ခန့်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)