Main menu

ဓနုဖြူမြို့နယ်တွင် ကြက်ဟင်းခါးသီးစိုက်ပျိုး၍ စိုက်ပျိုးသူများ အဆင်ပြေ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ထုံးပုံကျေးရွာအုပ်စု၊ ကွင်းကလေး ကျေးရွာတွင် ကြက်ဟင်းခါးသီး သီးနှံကို ၀.၁၀ဧက စိုက်ပျိုးလျက်ရှိသည်။ ဓနုဖြူမြို့နယ် မြစ်ကမ်းဘေးရှိ ကျေးရွာများတွင် ဟင်းသီးဟင်းရွက်သီးနှံများကို ဧက ၁၆၈ဧက စိုက်ပျိုးထား ကြောင်း သိရသည်။

          ကြက်ဟင်းခါး မျိုးအနေဖြင့် တြိဂံအမှတ်တံဆိပ် သီးနှံထုတ်ကို ဝယ်ယူစိုက်ပျိုးပြီး မျိုး တစ်ထုပ်လျှင် ၂၀၀၀၀ကျပ်နှုန်းဖြင့်  ဝယ်ယူ၍ စိုက်ဧကပေါ်တွင် မျိုးထုပ် ၂ ထုပ်ခန့် စိုက်ပျိုးရ ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့များကို ပျိုးပြီး စင်ပြုလုပ်၍ စိုက်ပျိုးသည်၊ စိုက်ဧက ပေါ်တွင် အပင်ရေ ၅၀ခန့် စိုက်ပျိုးရသည်။ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးပြီးချိန်မှ ၄၅ရက် အတွင်းအသီးထွက်ရှိသည်။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၂သိန်း ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် စိုက် ဧကတွင်  ကြက်ဟင်းခါးသီး တစ်ကြိမ်ခူးလျှင် အလုံး ၅၀ထိ ခူးရကြောင်း အလုံး ပျမ်းမျှ ၈၀၀-၁၀၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး လက်ကားဈေး အတောင့် ၁၀၀လျှင် ငွေကျပ် ၅၀၀၀၀ ဖြင့် ရောင်းချရပြီး စိုက်ဧက အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၃သိန်းခန့် ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေး ဟင်းသီး ဟင်းရွက် ဒိုင်များသို့ တင်ပို့ရပြီး ထွက်ပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်မှုကြောင့် အကျိုးအမြတ် များ ရရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)