Main menu

မုံရွာစက်သုံးဆီဈေးနှုန်း အခြေအနေ

Powered by Drupal

         မုံရွာမြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ရောင်းချလျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများမှာ မေလ ဒုတိယပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို ကျပ် ၂၃၂၅၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို ကျပ် ၂၃၉၀၊ အောက်တိန်း 92 တစ်လီတာကို ကျပ် ၂၀၂၅နှင့် အောက်တိန်း 95 တစ်လီတာကို ကျပ် ၂၁၀၀တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် မေလ ပထမပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို ကျပ် ၂၄၀၅၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို ကျပ် ၂၄၅၅၊ အောက်တိန်း 92 တစ်လီတာကို ကျပ် ၂၀၇၅နှင့်  အောက်တိန်း 95 တစ်လီတာကို ကျပ် ၂၁၈၀အထိ ဈေးနှုန်းများရှိခဲ့သည်။

          မေလ ဒုတိယပတ်နှင့် မေလ ပထမပတ်အတွင်းဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း များကို နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်ရိုးရိုး တစ်လီတာကို ၈၀ ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို ၆၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာကို ၅၀ ကျပ်နှင့်  အောက်တိန်း 95 တစ်လီတာကို ၈၀ ကျပ် ကွာခြားလျက်ရှိပြီး ဈေးနှုန်းအနည်းငယ် ကျဆင်းလာသည်ကို တွေ့ရသည်။

DOCA(စစ်ကိုင်း)