Main menu

ကန့်ဘလူမြို့နယ်၌ မိုးမြေပဲသီးနှံ စိုက်ပျိုးသူများအဆင်ပြေ

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် မိုးမြေပဲများကိုလည်းစိုက်ပျိုးကြကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံမြေပဲကို အဓိကထား၍ နှစ်စဉ်စိုက်ပျိုးကြကြောင်း သိရသည်။

            ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေး၊ တောက္ကရှပ်၊ ကံကြီးကုန်း၊ ထန်းကုန်း၊ ဆိတ်ဖူးမြောင်၊ လိတ္ထူ၊ ကိုင်းတော စသည့်ကျေးရွာများ၌ ပင်ထောင်အတောင့်သေးမျိုးများကို စိုက်ဧက ၅၀၀၀ ကျော် စိုက်ပျိုးကြောင်း၊ မြေပဲသီးနှံကို မေလတွင်စတင်စိုက်ပျိုး၍ စက်တင်ဘာလတွင် လှိုင်လှိုင်ထွက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၈၀၀၀၀၀ ကျော်ကုန်ကျပြီး တစ်ဧက ပျမ်းမျှအထွက်တင်း ၄၈ တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးချိန်မှ မြေပဲနှုတ်ချိန်အထိ ရာသီဥတုကောင်းမွန်သည့်အတွက် မြေပဲအထွက်နှုန်းကောင်းမွန်ကြောင်း၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဒေသတွင်းပေါက်ဈေးအနေဖြင့် သီးနှံအရည်အသွေးပေါ်မူတည်၍ မြေပဲတောင့် တစ်တင်းလျှင် ငွေကျပ် ၃၀၀၀၀-၃၃၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ် အနေဖြင့် ငွေကျပ် ၇၈၄၀၀၀ ခန့်အကျိုးအမြတ်ရရှိကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှ ထွက်ရှိသော မြေပဲများမှ ဒေသတွင်းစားသုံး၍ပိုလျှံသည်များကို ဒေသခံဝယ်လက်(ပွဲစား)များမှ ဝယ်ယူ၍ ရွှေဘိုမြို့နှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)