Main menu

ကန့်ဘလူမြို့နယ်၏ ဆောင်းနေကြာသီးနှံများ စိုက်ပျိုးထွက်ရှိမှုအခြေနေ

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ နေကြာ၊ ဆန်စပါးနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာအနီးတွင် နေကြာသီးနှံစိုက်ဧက ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

             နေကြာသီးနှံကို စက်တင်ဘာလတွင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် စတင်ရိတ်သိမ်းကြကြောင်း၊ မျိုးစေ့အနေဖြင့် ဆင်းရွှေကြာ-၂မျိုးများကို စိုက်ပျိုးကြကြောင်း၊ နေကြာသီးနှံကို သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး ပက်ကြဲစိုက်တစ်ဧကလျှင် မျိုးစေ့ ၄ ပြည်ခန့်နှင့် တန်းစိုက် စနစ်တွင်မျိုးစေ့ ၇ ပြည်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် နေကြာမျိုးစေ့၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၃ သိန်းခွဲခန့်ကုန်ကျကြောင်း၊ ယခင်နှစ်၌ နေကြာသီးနှံ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၂၀-၂၁ တင်းခန့်ထွက်ရှိပြီး စိုက်ပျိုး မြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှု အပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိ ကြောင်း၊ ဈေးနှုန်းအနေဖြင့် နေကြာသီးနှံ ပေါ်စအချိန်တွင် နေကြာတစ်တင်းလျှင် ငွေကျပ် ၃၀၀၀၀-၃၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ဧကလျှင် အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၃ သိန်းခွဲခန့် ရရှိကြောင်း ၊ ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် နေကြာတစ်တင်းလျှင် ငွေကျပ် ၆၃၀၀၀- ၆၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေသည့်အတွက် ယခင်နှစ်ထက်အကျိုးအမြတ်ပိုမိုရရှိနိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)