Main menu

ထားဝယ်မြို့ဒေသထွက် ဇီးသီး ဈေးနှုန်း

Powered by Drupal

             တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဇန်နဝါရီလတွင် ဇီးချဉ်သီးနှင့် ဇီးချိုသီးများ စတင်ထွက်ပေါ်လျက်ရှိပါသည်။ အများအားဖြင့် သဘာဝအလျောက်ပေါက်ရောက်သည့် အပင်မှာ ဇီးချဉ်သီးဖြစ်ပြီး တောသူတောင်သားများ တောလယ်ထွက်ရင်း ဇီးချဉ်သီးများကို ကောက်ယူနေလှန်းကာ မြို့ပေါ်တွင် ရောင်းချကြသဖြင့် မိသားစုဝင်ငွေရရှိပါသည်။ ဇီးချဉ်သီးအချိုကို ဇီးသီးပေါင်းအဖြစ်စားသုံးကြသည့်အပြင် ဇီးသီးခြောက်ကို ဇီးယိုအဖြစ်လည်း စားသုံးကြပါသည်။

              ခူးဆွတ်ရရှိသော ဇီးသီးများကို ထားဝယ်စည်ပင်သာယာစျေး၊ ရပ်ကွက်ဈေးငယ်များနှင့် စာသင်ကျောင်း မုန့်ဈေးတန်းများတွင် သွားရောက် ရောင်းချကြပြီး  နို့ဆီဘူးတစ်ဘူးလျှင် (၅၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)