Main menu

ထားဝယ်မြို့ရှိစျေးကွက်အတွင်းစက်သုံးဆီစျေးနှုန်းကျဆင်း

Powered by Drupal

               ထားဝယ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များမှာ (၁၂)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီလက်လီစျေးနှုန်းများမှာ ယခုဇန်နဝါရီလ ပထမပတ်အတွင်း ဒီဇယ်ရိုးရီုး တစ်လီတာကို (၂၇၅၀) ကျပ်၊ ဒီဇယ်ပရီမီယမ် တစ်လီတာကို (၃၃၅၅)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၃၁၂၀) ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၃၂၃၀) ကျပ်တို့ဖြစ် ရောင်းချလျက်ရှိပြီး ယခင်ဒီဇင်ဘာလ စတုတ္ထပတ်တွင် ဒီဇယ်ရိုးရိုး တစ်လီတာကို(၂၇၇၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာကို (၃၃၉၅) ကျပ် ၊ ဓါတ်ဆီ 92 တစ်လီတာကို (၃၁၄၅) ကျပ်နှင့် 95 (၃၂၅၅) ကျပ်ရှိခဲ့ပြီး ယခင်အပတ်နှင့် ယခုအပတ် အတွင်းဖြစ်ပေါ်နေသော  စျေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်ရိုးရိုး (၂၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၂၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၀) ကျပ် နှင့် ဓါတ်ဆီ95 တစ်လီတာကို (၄၀) ကျပ်ထိ စျေးနှုန်းများကျဆင်းလာကြောင်း၊ စျေးနှုန်းကျဆင်းလာရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်းကျဆင်းလာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(တနင်္သာရီ)