စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဟင်းလျာများတွင် အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှသယ်ယူရောင်းချ လျက်ရှိပါသည်။ လက်ရှိစျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူ စျေးနှုန်းမှာ ယခုဇန်နဝါရီလအတွင်း ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိသာလျှင် (၁၉၀၀၀)မှ (၁၇၀၀၀) ကျပ်သို့လည်းကောင်း၊ (ကြူဂုတ်) တစ်ပိသာလျှင် (၂၀၀၀၀)ကျပ်မှ (၁၈၀၀၀) ကျပ်သို့ ကျဆင်းလာ ကြောင်းသိရှိရပါသည်။
ဒီဇင်ဘာလနှင့်ယခုဇန်နဝါရီလအတွင်း စျေးနှုန်းများကိုနှိုင်းယှဉ်ကြည့်လျှင် ကြက်သွန်ဖြူ တစ်ပိသာလျှင် (၂၀၀၀) ကျပ်မျှအနည်းငယ် ကျဆင်းလာကြောင်း ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်းရှိ စားဖိုဆောင်သုံးပစ္စည်းများရောင်းချနေသူတစ်ဦးထံမှသိရှိရပါသည်။
DOCA(တနင်္သာရီ)