Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

              ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန်အခြေအနေများ အား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီ လက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်း လျက်ရှိပါသည်။ ဇန်နဝါရီလ (၁) ရက်မှ ဇန်နဝါရီလ (၅) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြစ်သားဒေသတို့မှ ကြက်သွန်နီ (၃၉၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၁၅၆၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အဟောင်း) အချော တစ်ပိဿာ ကျပ် ၂၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၆၀၀ ၊ အကြီးမှာ ကျပ် ၃၀၀၊ ရှယ်မှာ ကျပ် ၄၀၀၀၊  မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၁၀၀ ၊ အကြီးမှာ ကျပ် ၃၆၀၀၊ ရှယ်မှာ ကျပ် ၃၈၀၀၊ မြစ်သား ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၃၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၄၀၀၀ ၊ အကြီးမှာ ကျပ် ၄၀၀၀၊ ရှယ်မှာ ကျပ် ၄၀၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်း သိရှိရပါသည်။

              ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ကြက်သွန်ဈေးနှုန်းများမှာ ယခင်အပတ်ထက် ဈေးအနည်းငယ်ကျကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)