ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးရာသီတွင် ပဲတီစိမ်းစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် ဧက (၁၄၀၃၆၃) စိုက်ပျိုးလျာထားပြီး ဒေသခံတောင်သူများကယခုနှစ် နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာလက်ရှိအချိန်ထိ ဧက (၁၃၉၅၇၆) ဖြစ်ထွန်းအောင်မြင်စွာဖြင့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်အနေဖြင့် ယခုနှစ် သီးထပ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲတီစိမ်းစိုက်ပျိုး စွမ်းအားတိုးတက်စေဖို့ရန် ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရေး ပဲတီစိမ်းစိုက်တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်ပြီး ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း သတ်မှတ်လျာထားဧကပြည့်မှီရန်နှင့် အတွက်နှုန်းကောင်းမွန်စေရန်အတွက် ဒေသခံတောင်သူများကို စနစ်တကျစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးခြင်းများရှိပြီး သုံးခွမြို့နယ်ဒေသခံ တောင်သူများအနေဖြင့်လည်းလျာထားချက်ပြည့်မှီရေး စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ယခုနှစ် ပဲတီစိမ်းသီးနှံပိုမိုဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ရာသီးနှံနှင့် ကိုက်ညီပြီးအထွက်နှုန်း ကောင်းမွန်သည့် ပဲတီစိမ်းမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးနေကြကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)