ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ၊ ဒိုးတန်းကျေးရွာအုပ်စု ၊ တောင်ဘို့ကိုးလုံးကျေးရွာ ၊ ဘုန်းတော်ကြီးကျောင်း၌ ၂၈.၄.၂၀၂၂ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် ဒိုက်ဦးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ မြို့နယ် ဆည်မြောင်း ဦးစီးဌာန၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဖိတ်ကြားထားသော တောင်သူများ တက်ရောက်၍ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ နည်းပညာပေးသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးဝင်းမြင့်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ၊ ဦးစီးမှူးမှ နည်းပညာပေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စိုက်ပျိုးရေး၌ အဓိကဖြစ်သော မြေ ၊ မျိုး ၊ ပိုးမွှားများအကြောင်းကို လည်းကောင်း ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူးက မြစိမ်းရောင် စီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ နွေစပါးစိုက်ပျိုးရေးအတွက် ရေရရှိရေးကို လည်းကောင်း ၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးမှ အသားကဏ္ဍတိုးတက်ရေးအတွက် လည်းကောင်း၊ စက်မှုလယ်ယာဦးစီးမှူးမှ ကောက်စိုက်စက် ၊ ရိတ်သိမ်းစက်များ အကြောင်းကို လည်းကောင်း ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလို၍ မေးမြန်းချက်များကို သက်ဆိုင်ရာ ဌာနများမှ ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)