Main menu

“ငရုတ်(ဆောင်း)စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျှက်ရှိရာ ၄င်းသီးနှံများအနက် ငရုတ်သီးနှံကိုလည်းစီးပွားဖြစ်စိုက်ပျိုးလာ ကြပါသည်။၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ငရုတ်(ဆောင်း)စိုက်ဧက ကျောက်ဆည်မြို့နယ်တွင်(၁၁၂၆) ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၉၇၂) ဧက ၊ မြစ်သားမြို့နယ်တွင်(၂၆၄၆)ဧက ၊ စုစုပေါင်း(၄၇၄၄)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏စာရင်းများအရသိရှိရပါသည်။  ငရုတ်(ဆောင်း)များအား နိုဝင်ဘာလနှင့်ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးပြီး မတ်လနှင့်ဧပြီလများ တွင်စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း ၊ ငရုတ်စိုက်ပျိုးမှုအနေဖြင့် စိုက်ပျိုးသော မျိုးများမှာ သာမို၊ဒီမွန်၊ အာစတာနှင့်၆၉၂မျိုးများဖြစ်ပြီ တောင်သူများအနေဖြင့် ရာသီဥတုဒဏ်နှင့်ပိုးမွှားဒဏ်ခံနိုင်ပြီး အသီး များလှ၍အထွက်နှုန်းကောင်းမွန်သော ၆၉၂ မျိုးများကို ပိုမိုစိုက်ပျိုးကြကြောင်း၊ငရုတ်စိုပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် ပိဿာ(၄၀၀-၄၅၀)အထိထွက်ရှိကြောင်း၊ စျေးနှုန်း အနေဖြင့် ငရုတ်သီးခြောက်အညှာပါ (၁)ပိဿာလျှင်(၈၀၀၀)ကျပ် ၊ ငရုတ်အညှာချွေ(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့်(၁၇၀၀၀၀၀)ကျပ် ဝန်းကျင်မြတ်ခဲ့ ကြောင်း၊ ယခုလက်ရှိပေါက်စျေးအနေဖြင့် ငရုတ်သီးခြောက်အညှာပါ (၁)ပိဿာလျှင်(၁၂၀၀၀)ကျပ် ၊ ငရုတ်အညှာချွေ (၁)ပိဿာလျှင် (၁၄၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ ငရုတ်စိုက် တောင်သူများမှပွဲရုံများသို့ လာရောက်ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ ယခုအချိန်တွင် ငရုတ်သီးများ ထွက်ပေါ်ခြင်း မရှိသေး သော်လည်း ထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့်စျေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင် မည်ဖြစ်ကြောင်း ငရုတ်စိုက်တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)