Main menu

“ပဲကြားသီးနှံများစိုက်ပျိုးမှုအခြေအနေ”

Powered by Drupal

          ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်တွင် ပဲကြားသီးနှံများစိုက်ပျိုးလျှက်ရှိပါသည်။ မြို့နယ်တွင် ပဲကြားစိုက်ဧက(၄၀၀)ဧကစိုက်ပျိုးထားရှိကြောင်း ၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာန၏စာရင်းများအရသိရှိရပါသည်။အများဆုံးစိုက်ပျိုးသောရွာများမှာ မကျီးကန် ၊ တောင်တွင်းနှင့် ညောင်ဝန်ရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ပဲကြားစိုက်ပျိုးမှု(၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း ၊ အထွက်နှုန်း အနေဖြင့်(၁၂)တင်းခန့်ထွက်ရှိကြောင်း၊ပဲကြားသီးနှံကို ပက်ကြဲထယ်ဖုံးစနစ်ဖြင့်စိုက်ပျိုးကြပါသည်။ နိုဝင်ဘာလတွင်စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး(၄)လအကြာတွင် ရိတ်သိမ်းနိုင်ပါသည်။ပဲကြားသီးနှံကို ယခင်နှစ် စျေးနှုန်းအနေဖြင့် (၁)တင်းလျှင်(၆၄၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရကြောင်း ၊ ကုန်ကျစရိတ် နှုတ်ပြီးပါက(၅၀၀၀၀၀)ကျပ်ကျော်အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ ယခုလက်ရှိ ပဲကြားပေါက်စျေး အနေဖြင့်(၁)တင်းလျှင်(၈၃၂၀၀)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိပါသည်။ ပဲကြားသီးနှံထွက်ပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်ရောင်းချကြပါသည် ။ ပွဲရုံများမှတစ်ဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည် ။ ပဲကြားသည် ချိုစိမ့်သောအရသာရှိသော

ကြောင့်စားသုံးသူများကြိုက်နှစ်သက်ကြကြောင်း ၊ သရေစာအဖြစ်လှော်၍ ပဲကြားလှော်ထုပ်များ ထုတ်ပိုး၍စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျှက်ရှိပါသည်။ပဲကြားသီးနှံပေါ်ချိန်တွင်လည်း စျေးနှုန်း များကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ပဲကြားစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)