ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ညောင်လေးပင် မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂.၅.၂၀၂၂ ရက်နေ့တွင် ညောင်လေးပင်မြို့နယ် ၊ မြို့မစျေးအတွင်း ပင်ရင်းကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှု ရှိ/မရှိ ၊ ဖော်ပြပါ အလေးချိန်နှင့် အမှန်တကယ်ပါဝင်သော အလေးချိန် ကိုက်ညီမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချလျှက်ရှိသော ဆပ်ပြာမွှေးခဲများအနက် အချို့ဆပ်ပြာမွှေးခဲများသည် ဖော်ပြထားသော အလေးချိန်နှင့် ပါဝင်သောအလေးချိန် အနည်းငယ်လျော့နည်းသည်ကို တွေ့ရှိရပါသဖြင့် မြို့မစျေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအား ဖော်ပြပါ အလေးချိန် နှင့် အမှန်တကယ်ပါဝင်သော အလေးချိန် ကိုက်ညီမှုမရှိသည့် ကုန်ပစ္စည်းများအား ကုမ္ပဏီသို့ ပြန်လည်ပြောကြားပြီး လဲလှယ်၍ ပြန်လည်ရောင်းချရန် ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် တာဝန်များ ၊ စာသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)